𝐏𝐚𝐫𝐭.26

1.8K 164 7
                                        

Ս𝖓ⅈ𝐜օ𝒹𝖊

ကိုးလည်းဒေါ်ယဉ့်ကိုစေ့စေ့ကြည့်လိုက်ရင်း

"ခင်ဗျားဘာသာဘာကြောင့်ပဲပြောပြောအဲ့လိုမဟုတ်တာတွေကိုတော့လျှောက်မဖွသင့်ပါဘူး ခင်ဗျားလုပ်လိုက်တဲ့လုပ်ရပ်ကြောင့်ကျုပ်တို့အိမ်ထောင်ရေးပြိုကွဲမလိုတောင်ဖြစ်သွားရတယ် ခင်ဗျားဦးနှောက်ထဲကျုပ်တို့အိမ်ထောင်ရေးကမဖြစ်သင့်ဘူးလို့တွေးနေတာလားမသိပေမဲ့ကျုပ်တို့ကတော့တန်ဖိုးထားတယ် ပထမတစ်ခါကျုပ်မိန်းမကိုမဟုတ်တာတွေပြောပြီးသွေးထိုးတယ် ကလေးမရနိုင်တော့ကျုပ်ကထားသွားမယ်ဆိုပြီးတော့လေ"

"အယ် ဒေါ်ယဉ်ကအဲ့လိုကြီးပြောခဲ့တာလား"

"ကိုယ့်ထမင်းကိုယ်စားပြီးသူများအိမ်ထောင်ရေးကိုလိုက်ရှုပ်နေတာ"

စကားသံတွေဆူညံသွားတဲ့အချိန်ခဏမှာပဲဝေးဥဩကခြံဝန်းထဲကိုမတင်မြနဲ့အတူပြေးဝင်လာလေသည်၊လူအုပ်ကြီးမှာလည်းဝေးဥဩရောက်လာတာမြင်မှစကားသံတွေတိတ်သွာပြီးဝေးဥဩကိုလှည့်ကြည့်လာကြသည်၊အခုမှသတင်းရပြီးပြေးလာပုံရတဲ့ဝေးဥဩကချွေးလေးတွေတောင်ထွက်နေသည်၊

"ဒေါ်ယဉ်ကကျုပ်မိန်းမကိုဘယ်လိုပဲသွေးထိုးပါစေ ကျုပ်မိန်းမကျုပ်အပေါ်အယုံအကြည်မပျက်ခဲ့တဲ့အပြင်ကျုပ်ဘက်ကနာလို့ခဲလုံးတွေနဲ့တောင်ပြန်ပေါက်ခဲ့ပါသေးတယ် ကိုးကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာကြီးပဲအော်ပြီးတော့ပေါ့"

မတင်မြရဲ့ရယ်သံကဝေးဥဩဘေးနားကနေအရင်ဦးဆုံးထွက်လာတာမို့ဝေးဥဩလည်းနှုတ်ခမ်းလေးကိုလျှာနဲ့သပ်လိုက်ပြီးကိုးကိုရှက်ဝဲဝဲလေးမော့ကြည့်မိလိုက်သည်။

"ကျုပ်အဲ့မြင်ကွင်းကိုမှတ်မိတယ်သိလားဥဩလေး"

ဝေးဥဩမှာမတင်မြကိုဟန့်လိုက်ရပြီးကိုးဘာဆက်ပြောမလည်းဆိုတာကိုသာလှမ်းကြည့်နေမိသည်။

"အဲ့ဒါကိုတောင်အားမရလို့မဟုတ်တဲ့သတင်းတွေထွက်အောင်ဖွလိုက်သေးတယ် ကျုပ်တို့ခင်ဗျားအပေါ်ဘာတွေများလုပ်ခဲ့မိလို့ဒီလောက်တောင်မုန်းနေရတာလည်း ဒါပေမဲ့ခင်ဗျားဘယ်လောက်ပဲမုန်းမုန်းကျုပ်ကတော့ဂရုမစိုက်ဘူး အခုလိုအားလုံးသိအောင်ဖြေရှင်းပေးတယ်ဆိုတာကလည်းကျုပ်သိက္ခာအတွက်နည်းနည်းမှမပါဘူး အခုလိုဖြေရှင်းပေးတာကကျုပ်မိန်းမကိုချစ်လို့ သူ့ကိုစိတ်မဆင်းရဲစေချင်လို့ ဘယ်သူ့အပြောအဆိုမှမခံရအောင်ကျုပ်ကဖြေရှင်းပေးတာ ဘာလို့ဆိုကျုပ်မိန်းမကိုဘယ်သူထိပါးစော်ကားတာမှမကြိုက်ဘူး ကျုပ်ကအဲ့လောက်အထိသူ့ကိုချစ်တယ် ခင်ဗျားတို့တွေဘယ်လိုတွေပဲထင်ထင်လူတစ်ယောက်နဲ့တစ်ယောက်ချစ်တာအမှားမှမဟုတ်တာ ယောကျာ်းမိန်းမဆိုပြီးခွဲခြားနေစရာမလိုဘူး အချစ်ကအချစ်ပဲ ကျုပ်ကသူ့ကိုချစ်တယ် သူကလည်းကျုပ်ကိုချစ်တယ် ဒီလောက်ဆိုလုံလောက်နေပြီ ပြီးတော့နောက်တစ်ခါဒီလိုမဟုတ်တဲ့သတင်းတွေနဲ့ကျုပ်တို့အိမ်ထောင်ရေးကိုဖြိုခွဲမယ်ဆိုရင်လည်းကြိုက်သလိုလုပ်ကြပါ ဘာလို့ဆိုကျုပ်ကပတ်ဝန်းကျင်ကိုဂရုမစိုက်လို့ပဲ ဒါပေမဲ့ကျုပ်မိန်းမမျက်နှာငယ်မှာကိုတော့ကြည့်‌မနေနိုင်ဘူး ..

ကြာကြာဝါးမှခါးမှန်းသိDonde viven las historias. Descúbrelo ahora