𝐏𝐚𝐫𝐭.17

1.2K 167 8
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ကိုးရုံးကိုသွားဖို့အတွက်ထမင်းချိုင့်လေးကိုယူပြီးအိမ်ရှေ့ထွက်လာရင်းအိမ်ပေါက်ဝမှာလက်ပြရင်းကျန်ခဲ့တဲ့ဝေးဥဩဆီကိုတစ်ခေါက်လှည့်ကြည့်လိုက်သည်၊ဝေးဥဩမျက်နှာမှာကိုးကိုမသွားစေချင်တဲ့ပုံစံဖြစ်နေပေမဲ့မသိသာအောင်အပြုံးလေးကိုဆင်မြန်းထားလေ၏၊ကိုးလည်းပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့ကာသက်ပြင်းခပ်သဲ့သဲ့ချပြီးအိမ်ထဲကထွက်လာခဲ့လိုက်သည်။

ဝေးဥဩလည်းကိုးရဲ့ကျောပြင်မျက်စိရှေ့ကပျောက်သွားမှနှုတ်ခမ်းထက်ကအပြုံးတို့ပျောက်ကွယ်သွားတော့သည်၊လူတွေကသိပ်ပြီးရယ်စရာတော့ကောင်းတယ်မလား၊မိန်းကလေးတစ်ယောက်ကအိမ်ထောင်ရေးတစ်ခုမှာမဦးဆောင်နိုင်ဘူး မကိုင်တွယ်နိုင်ဘူးလို့သူတို့ဦးနှောက်လေးတွေနဲ့လွယ်လွယ်တွေးပြီးပြောနေကြပေမဲ့သူတို့အိမ်ဦးနတ်ယောကျာ်းသားတွေကတော့သိပ်ကိုကောင်းမွန်ပြီးရှာဖွေကျွေးမွေးနေကြတာဆိုတော့လေ။

ကိုယ်တိုင်မရတဲ့အရာတစ်ခုကိုဝေးဥဩရလို့မနာလိုကောက်ကျစ်ပြီးမတရားပြောနေကြတာမှန်းဦးနှောက်ရှိတဲ့သူဆိုသိလိမ့်မည်၊

"ဟူး"

ဘေးအိမ်ကနေကူးလာတဲ့မတင်မြကလည်းမျက်နှာမကောင်းတဲ့ဝေးဥဩဘေးမှာလာရပ်ပြီးပုခုံးကိုခပ်ဖွဖွပုတ်ပေးသည်၊အရင်လိုဆိုမျက်နှာလေးကြည်လင်ပြီးပြုံးနေတတ်တဲ့မိန်းကလေးကအခုလိုတမှိုင်မှိုင်တငေးငေးဖြစ်နေတာကိုမတင်မြလည်းသဘောမကျလှပေ။

"ပတ်ဝန်းကျင်ဆိုတာမျိုးကသိတဲ့အတိုင်းပဲလေဥဩလေးရယ် သူတို့ထက်သာရင်မနာလိုတယ် သူတို့ထက်အဆင်ပြေနေရင်သဘောမကျကြဘူး အဲ့ဒါဘာလို့လည်းဆိုတော့ သူတို့ဆီမှာမရနိုင်လို့လေ သူတို့တွေမရနိုင်တဲ့အရာကိုဥဩလေးကရနေလို့အဲ့လိုမဟုတ်ကဟုတ်ကသတင်းတွေကိုဖြန့်နေတာ ဒီသတင်းကဘယ်သူ့ဆီကပြန့်တယ်ဆိုတာကိုလည်း ကျုပ်စုံစမ်းနေပါတယ် အရမ်းလည်းစိတ်ပူမနေပါနဲ့"

"ကျွန်မသိပါတယ် ပြီးတော့ကျေးဇူးလည်းတင်ပါတယ် မတင်မြရယ်"

မတင်မြကဝေးဥဩကိုခေါင်းငြိမ့်ပြလာပြီးထပ်မှန်နှစ်သိမ့်ပေးလာပြန်သည်။

ကြာကြာဝါးမှခါးမှန်းသိWhere stories live. Discover now