Ս𝖓ⅈ𝐜օ𝒹𝖊
ဝေးဥဩမှာကိုးရုံးကပြန်လာမဲ့အချိန်ကိုအိမ်ရှေ့ပေါက်ဝမှာထိုင်ပြီးမျှော်နေလေကာအကြည့်တွေကလည်းလမ်းပေါ်ကိုပဲကျရောက်နေတာခဏခဏ၊ဝေးဥဩမှာဒီလိုအခြေအနေလေးကိုခုံမင်သည်၊ကိုးကအလုပ်ကိုသွားလို့တစ်ယောက်ထဲအိမ်မှာကျန်ခဲ့ရတယ်ဆိုရင်တောင်အဲ့ဒါကပျော်ရွှင်စရာအိမ်ထောင်ရေးလေးတစ်ခုပဲမလား။
ဝေးဥဩကကိုးပြန်အလာကိုစောင့်နေရတာလည်းသဘောကျသလိုသွားကြိုရတာကိုလည်းနှစ်သက်တာကြောင့်ဒီအခြေအနေလေးကိုလက်မလွှတ်ချင်လောက်အောင်မျှော်လင့်ချက်ကြီးနေသည်၊သာမန်အိမ်ထောင်ရေးတစ်ခုလိုကလေးလေးတွေမရှိပေမဲ့ခြောက်ကပ်လွန်းတယ်လို့တစ်ခါမှမစဉ်းစားဖူးခဲ့၊လူတော်ဝောာ်များပြောကြတဲ့စကားတစ်ခုကအသက်အရွယ်ကွာခြားတဲ့အိမ်ထောင်ရေးဆိုရင်ကလေးရှိနေတာကကောင်းတယ်တဲ့လေ၊ဒါမှလွယ်လွယ်ကူကူကွာရှင်းဖို့မဖြစ်နိုင်ပဲကလေးကိုငဲ့ကြမှာတဲ့၊
ဝေးဥဩကတော့အဲ့လိုမထင်မိပေ၊တစ်ကယ်ကအဲ့ကလေးရောက်လာမှအိမ်ထောင်ရေးကပိုပြီးစိတ်ပျက်စရာကောင်းလာမှာ၊ဝေးဥဩကိုယ့်စိတ်ကိုယ်မပိုင်တော့သလိုခံစားရပြီးကလေးရှိလို့ပျော်ရွှင်ရပေမဲ့တစ်ဖက်မှာတော့မိမိချစ်ရသူနဲ့ပိုပိုဝေးကွာသွားမှာပင်၊ကလေးရှေ့မှာမို့ အမြင်မသင့်လိုဆိုပြီးဆင်ဆင်ခြင်ခြင်နေရင်းကနေတဖြည်းဖြည်းပိုဝေးကွာသွားပြီးနောက်တော့ကိုယ့်အိမ်ထောင်ဖက်အပေါ်ထားတဲ့အချစ်ကလည်းလျော့ပေါ့လာနိုင်တယ်၊အခုဆိုဝေးဥဩတို့အိမ်ထောင်ရေးလေးက ကလေးမရှိလို့ဘယ်လောက်မိုက်လည်း၊ဆင်ဆင်ခြင်ခြင်နေစရာလည်းမလိုတဲ့အပြင်ဝေးဥဩရဲ့အချစ်ဆုံးကိုချွဲရမလား၊နမ်းရမလား၊ကလေးလိုဆိုးရမလား၊ဘယ်လိုပဲလုပ်လုပ်ဒီလိုလွတ်လပ်တဲ့ပျော်ရွှင်မှုကိုကလေးရှိတဲ့အိမ်ထောင်သည်တွေမသိကြပေ၊
ကလေးလေးရှိမှအိမ်ရဲ့ဆည်းလည်းလေးတွေသာယာတယ်ဆိုရင်တောင်ချစ်ရသူနှစ်ဦးကြားကလွတ်လပ်ပျော်ရွှင်မှုကိုတော့မမီနိုင်တာအမှန်၊အတွေးနဲ့အတူသဘောတကျပြုံးနေရင်းအိမ်ရှေ့ကိုတောင်ရောက်နေပြီဖြစ်တဲ့ကိုးကိုမြင်လိုက်တာမို့အမြန်ထရပ်လိုက်ရသည်။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။