Ս𝖓ⅈ𝐜օ𝒹𝖊
ဝေးဥဩမှာမတင်မြရောက်လာ၍စကားထိုင်ပြောနေပေမဲ့ကိုးကတော့မနေ့ကဝေးဥဩနဲ့စကားများထား၍ခပ်ကင်းကင်းနေ နေသည်။
"ဟုတ်တယ် အဲ့ဇာတ်ကားအရမ်းကြည့်ကောင်းတာ အမယ်လေး ဟိုအခန်းလေးလေ မင်းသားကမင်းသမီးကိုသဝန်တိုပြီးစိတ်မထိန်းနိုင်ပဲဆွဲနမ်းတဲ့အခန်းလေး အား! တစ်ကယ်ကြည့်ကောင်းတာနော် ကျွန်မတော့အဲ့လိုအရမ်းroတတ်တဲ့ကောင်လေးတစ်ယောက်လောက်ရချင်မိတယ်"
ဝေးဥဩကအူတွေအသည်းတွေယားတဲ့ပုံစံနဲ့မတင်မြကိုပြောပြနေသည်၊ထိုအချိန်ကိုးရဲ့မျက်နှာကြီးမှာတော့မည်းမှောင်သွားပြီးမီးဟုန်းဟုန်းတောက်နေတဲ့မျက်ဝန်းများနဲ့ဝေးဥဩကိုစိုက်ကြည့်နေလေသည်၊
ဒီအဒေါ်ကြီးကတော့ကိုယ့်ကိုကိုယ်မှအားမနာဘာကိုကောင်လေးရချင်နေတာလည်း၊ငါရေနွေးပန်းကန်နဲ့ကောက်ပစ်လိုက်ရင်ကောင်းမလားမသိဘူး၊ထမင်းကြမ်းကအငွေ့ထွက်ချင်နေတယ်။
"ကျုပ်လည်းအဲ့မင်းသားလေးကိုကြည့်ပြီးအပျိုဘဝကိုတောင်သတိရမိတယ် တစ်ကယ်ကိုကျော်သိန်းကိုမယူပဲအဲ့မင်းသားလေးနဲ့ညားမဲ့အချိန်ကိုစောင့်နေသင့်တာ"
"ဟားဟား မတင်မြကတော့နော်"
"ဟက်! သေပြီးသားငါးပိကောင်ကထချင်နေတယ်"
ကိုးရဲ့အပြောကြောင့်ဝေးဥဩရောမတင်မြရောပြူးပြူးလေးကြည့်လာလေသည်၊ဝေးဥဩမှာကိုးကိုမျက်မှောင်ကျုံ့ပြီးစိုက်ကြည့်နေပေမဲ့ကိုးကတော့သတင်းစာဖတ်နေသည်၊ဝေးဥဩသက်ပြင်းကိုဆောင့်ချကာအကြည့်လွှဲလိုက်သည်၊ဝေးဥဩဒီကလေးမသာကိုတစ်ချက်လောက်ပိတ်ရိုက်လိုက်သင့်တယ်မလား။
"အဟင်း ပြန်ဆက်ပါအုံးမတင်မြရဲ့"
မတင်မြကတော့အခုပဲထသတ်တော့မလိုကြည့်နေတဲ့ကိုးကြောင့်တံတွေးကိုသာခက်ခက်ခဲခဲမြိုချမိလိုက်သည်။
"ဟို အိမ်ကကိုကျော်သိန်းကိုထမင်းခူးကျွေးရအုံးမှာမို့ ကျုပ်ပြန်တော့မယ်နော်"
"အယ် ပြန်တော့မလို့လား"
"အ အင်း"
မတင်မြပြန်သွားတော့မှဝေးဥဩလည်းကိုးကိုဂျိုကြည့် လှမ်းကြည့်လိုက်သည်၊ကိုးကတော့လေလေးချွန်ကာသတင်းစာကိုဖတ်နေလေသည်။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။