အခန်း (၇)

3.2K 253 12
                                    

"ဟင်... ဒါဆို မင်းရဲ့ မင်းသားလေးက ရဲရန်နိုင်တို့ကို တီးလွှတ်လိုက်လို့ ရဲရန်နိုင်တို့ အုပ်စု ကျောင်းမလာနိုင်တာပေါ့ ဟုတ်လား"

ဟန်မင်းနိုင် ကျောင်းပျက်သည့် နေ့က ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို ဟန်မင်းနိုင် မေး၍ သတ္တိက အကြောင်းစုံ ပြောပြနေစဉ်တွင် ဟန်မင်းနိုင်က မျက်လုံးပြူးပြူးဖြင့် ကြားဖြတ်မေးလိုက်ခြင်းဖြစ်၏။
အာကျယ်ကျယ်နှင့် ပြောလာသည့် ဟန်မင်းနိုင်၏ ပါးစပ်ပေါက်ကို သတ္တိ လက်ကလေးဖြင့် အမောတကော ပိတ်ရသေးသည်။

"တိုးတိုး ပြောပါ ဟန်မင်းနိုင်ရယ်...၊ သူများတွေ ကြားကုန်မှဖြင့် အတင်းပြောစရာ အကြောင်းအရာ တိုးကုန်ပါ့မယ်။ ငါ့ကိုဆို လူတွေက အလိုလိုနေရင်း ပြောချင် ဆိုချင်နေပါတယ်ဆို"

"အေးပါ... အေးပါ... ဆောရီး...၊ ငါ မေးတာ ဖြေပါဦး။ မင်းရဲ့ မင်းသားလေးရဲ့ လက်ချက်လားလို့"

"ဘာ မင်းရဲ့ မင်းသားလေးလည်း...၊ နင်နော်...၊ ငါ့ကို အဲ့လူနဲ့ တော်တော်ပေးစားချင်နေလား"

"အမယ်လေး... ငါက ပေးစားချင်နေတာ မဟုတ်ဘူးဟေး...၊ မင်းရဲ့ မျက်လုံးတွေကကို အဲ့လူအကြောင်း ပြောနေရရင် ဘာနဲ့မှ မတူအောင် ရွှန်းစိုနေတာ အသိသာကြီး... သတ္တိရယ် ဟန်ဆောင်ကာ မူပိုတွေ လုပ်မနေပါနဲ့။ ငါက မင်းအကြောင်း မသိဘူးဆိုတော့"

ပြောလေ ကဲလေ၊ မန်းလေ ပြဲလေ ဖြစ်နေသည့် ဟန်မင်းနိုင်တစ်ယောက်နှင့်လည်း သတ္တိ အခက်တွေ့ရပါသည်။ ဟန်မင်းနိုင် ပြောသည့်အတိုင်းပင် သတ္တိ ဖြစ်နေသလား‌ဆိုသည်ကို မှန်ပြေးကြည့်ချင်စိတ်များပင် ပေါက်ရသည်။

သတ္တိ ကိုယ့်နှလုံးသား၏ စကားသံကို ပြန်နားထောင်ကြည့်မိသည်။ သူ့အကြောင်းများကို တွေးမိနေချိန်တွင် သတ္တိ၏ နှလုံးသားကလေးသည် ဘာနဲ့မှ မတူအောင် ယိမ်းဖိုညွတ်နူးနေမိသည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။

သူနှင့် ပထမဆုံး ဆုံခဲ့သည့် နေ့မှာပင် သတ္တိ သူ့ကို စွဲလန်းစွာဖြင့် အိပ်မက်ပင် မက်ခဲ့ရသည် မဟုတ်လား။ သို့သော်လည်း သူ့အပေါ် ယိုဖိတ်နေမိသည့်  သတ္တိ၏ စိတ်များကို သတ္တိ ပြန်လည် ထိန်းသိမ်းရပါမည်။ သတ္တိ သူ့ကို ဘယ်လိုနည်းနဲ့မှ အထိခိုက် မခံချင်ပါ။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now