အခန်း (၁၄)

993 35 2
                                    

"ဟင်... ကလေး..."

ဝဏ္ဏ ဝမ်းသာအားရဖြင့် လှည်းပေါ်က ခုန်ဆင်းလိုက်မိသည်။

"ဟယ်... ဖြည်းဖြည်းဆင်းပါ ကိုရယ်။ မတော်လို့ ကျိုးပဲ့သွားမှဖြင့် သတ္တိရင်တွေ ကွဲရပါလိမ့်မယ်"

"ကြီးကြီးမိုး ပြောတော့ ဦးမာန်တို့ ခရီးမထွက်ဖြစ်ဘူးဆို"

သတ္တိက နှုတ်ခမ်းကလေးလို လက်ကလေးဖြင့် အုပ်လျက် ဟီးခနဲ ရယ်ကာ...

"အဲ့ဒါ စတာ"

"အဲ့ဒါ စ,စရာ ကိစ္စမှ မဟုတ်တာ ကလေးရာ။ ကိုယ့်မှာ ဘယ်လောက်တောင် ဝမ်းနည်းသွားရလဲ ကလေး မသိပါဘူး"

"သိပါတယ် ကိုရဲ့...၊ မျက်ရည်တောင် ကျတယ်တဲ့ ကြီးကြီးမိုး ပြောပြတယ်။ သတ္တိရဲ့ ကိုက အရမ်း ဝမ်းနည်းတတ်တာပဲနော်"

ဝဏ္ဏ၏ ချစ်သူလေးသည် အပြာလွင်လွင် ရှပ်အင်္ကျီလက်တိုလေးနှင့် ဒူးဖုံးရုံမျှသာ ရှည်သည့် ဂျင်းဘောင်းဘီအတို ပွပွကလေးကို ဝတ်ဆင်ထားကာ ဦးထုပ်အဝိုင်းကလေးကိုလည်း ဆောင်းထားသေးသဖြင့် ရှိရင်းစွဲအသက်ထက် ပို၍ နုဖပ်သည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ချစ်စဖွယ်ကောင်းလွန်းနေခဲ့သည်။

"ကလေးနဲ့ ပတ်သတ်သမျှ ကိုယ် ထိခိုက်လွယ်၊ ခံစားလွယ်တတ်တယ်ဆိုတာ ကလေး သိသားနဲ့"

"ဟုတ်ပါရဲ့..."

"ဘာ ဟုတ်ပါရဲ့လဲ...၊ သိသိရက်နဲ့ ကိုယ့်ကို မျက်ရည်ကျအောင် လုပ်တဲ့ ကလေးကို အပြစ်ပေးရမယ်"

သတ္တိ၏ မျက်နှာကလေးကို ရုတ်တရက် ဆွဲကိုင်ကာ သတ္တိ၏ နှုတ်ခမ်းလွှာကလေးများအား နမ်းလိုက်သည့် ချစ်ရသူကြောင့် သတ္တိ မျက်လုံးကလေးများ ဝိုင်းစက်လျက် ရုန်းကန်ရတော့သည်။

"ဒါ ကိုယ့်ကို လိမ်ပြောတဲ့ ကလေးရဲ့ နှုတ်ခမ်းလေးတွေကို အပြစ်ပေးတာ"

"ကိုရယ်... တစ်ယောက်ယောက်တွေ့သွားမှဖြင့်..."

"မတွေ့ပါဘူး ကလေးရဲ့... လှည်းနဲ့ရော... ညောင်ပင်ကြီးနဲ့ရော ကွယ်နေတာပဲလေ"

"ဘာပဲဖြစ်ဖြစ် သတ္တိကြောက်တယ် ကို၊ နောက်ဆို လူမြင်ကွင်းတွေမှာ သတ္တိတို့ ဆင်ဆင်ခြင်ခြင် နေရအောင်နော်..."

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Donde viven las historias. Descúbrelo ahora