အခန်း (၁၉)

2.3K 168 21
                                    

စာမေးပွဲ အောင်စာရင်းထွက်အပြီး နောက်တစ်နေ့မှ စ၍ ဖေဖေတို့က သတ္တိအတွက် အနီးကပ် သင်ပြညွှန်ကြားပေးမည့် ဂိုက်ဆရာမများနှင့် ဆယ်တန်းဘာသာရပ်များကို စတင် သင်ကြားစေတော့သည်။ ဘာသာ ခြောက်ခုလုံးအတွက် ဆရာမ ခြောက်ယောက် ငှားကာ အချိန်ဇယား ဆွဲလျက် အချိန်ပြည့်သင်ကြားရခြင်း ဖြစ်သည့်အတွက် သတ္တိမှာ အားလပ်သည်ဟူ၍ပင် မရှိပါ။

ချစ်ရသူနှင့် လူချင်းတွေ့ရန် အချိန်မအားလပ်သော်လည်း စာချင်း အဆက်အသွယ် မပြတ်စေရန်အတွက်တော့ သတ္တိ ကြိုးစားရပါ၏။ ထမင်းစား နားချိန်များနှင့် ဆရာမ တစ်ဦးနှင့် တစ်ဦး ပြောင်းလဲသည့် ကြားအချိန်များတွင် သတ္တိ ရသမျှ မိနစ်ကလေးများကို လုကာ ချစ်ရသူထံ စာလွှာပါးရန် အပြေးအလွှား စာရေးရပါသည်။

ကျောင်းများ ပြန်ဖွင့်သည့် မိုးဦးရာသီကလေးတွင် သတ္တိမှာ ချစ်ရသူနှင့် တွေ့ရန် ပို၍ အချိန်လုရတော့သည်။

ကျောင်းဖွင့်ရာသီသို့ ရောက်တော့ သတ္တိ၏ အနီးကပ် ဂိုက်တန်း အချိန်ဇယားများသည် အသစ်တဖန် ပြောင်းလဲရပြန်သည်။ မနက် ငါးနာရီတွင် စတင်သည့် အချိန်ဇယားကြောင့် သတ္တိမှာ မနက် လေးနာရီခွဲကတည်းက ထ၍ အဆင်သင့် ပြင်ဆင်ရသည်။ မနက် ငါးနာရီမှ ရှစ်နာရီအထိ ဂိုက်အချိန်များ ရှိပြီး ထို့နောက်တွင်တော့ သတ္တိ ကျောင်းသွားရန်အတွက် ဖုတ်ပူမီးတိုက် ပြင်ဆင်ရပြန်၏။

ဆယ့်ငါးမိနစ်လောက်နှင့် ကျောင်းတတ်ရန် ပြင်ဆင်ပြီးနောက် ကြီးကြီးမိုး ပြင်ဆင်ပေးထားသည့် မနက်စာကို ငါးမိနစ်မျှသာ အချိန်ယူ စားသောက်ပြီး အိမ်မှ ဒုန်းစိုင်းနင်း၍ ထွက်လာကာ ချစ်ရသူ၏ ထမင်းဆိုင်ကလေးရှေ့တွင် ခေတ္တမျှ ရပ်၍ စကားခဏပြောပြီး ကျောင်းသို့ အချိန်မီပြေးရပြန်သည်။

ကျောင်းဆင်းချိန်တွင်လည်း ချစ်ရသူကို လက်ပြ နှုတ်ဆက်ရုံမျှသာ အချိန်ပေးနိုင်ပြီး အိမ်သို့ ပြန်ရသည်။ ညနေ လေးနာရီတွင် ဂိုက်အချိန် ပြန်စပြီး ည ဆယ်နာရီခွဲအထိသည် စာသင်ချိန်များနှင့် ပြည့်နှက်၍နေပြန်ပါသည်။

ဆယ်တန်းနှစ်တွင်တော့ သတ္တိသည် သူငယ်ချင်းဖြစ်သူ ဟန်မင်းနိုင်နှင့် ကျောင်းသို့ အတူ မသွားဖြစ်တော့ပါ။ ဟန်မင်းနိုင်သည်လည်း မနက်ပိုင်းတွင် စာကျက်ဝိုင်းတစ်ခုသို့ တက်နေရသည့်အတွက် သတ္တိတို့ သွားနေကျလမ်းနှင့် မဆုံတော့၍ ဖြစ်ပါ၏။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Onde histórias criam vida. Descubra agora