အခန်း (၂‌‌၃)

3.3K 230 28
                                    

ကျောင်းဝန်းအတွင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူမိဘများဖြင့် စည်ကားလျက် ရှိသည်။ စုံညီပွဲတော်နေ့ဖြစ်သဖြင့် အားလုံးသည် အလှဆုံးပြင်ဆင်လျက် ပြုံးပျော်နေခဲ့ကြသည်။ ထိုအထဲတွင် မပျော်ရွှင်နိုင်သူဆို၍ ဟန်မင်းနိုင် တစ်ယောက်သာ ရှိပါလိမ့်မည်။

ဟောခန်းအတွင်း၌ ကျင်းပနေသည့် ပဒေသာကပွဲ၏ သီချင်းသံများသည် ကျောင်းဝန်းတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိသည်။ ဟန်မင်းနိုင်သည် ကပွဲမှ ဆိုင်းဝိုင်းသံများကို ကြားရတိုင်း သူငယ်ချင်းဖြစ်သူ သတ္တိကိုသာ ‌သတိရမိတော့သည်။

တကယ်ဆို သူတို့ စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာခဲ့လျှင် ဒီနေ့သည် သူတို့ သုံးယောက်အတွက် ပျော်ရွှင်စရာအကောင်းဆုံး နေ့လေးတစ်နေ့ ဖြစ်လာမည်မှာ မလွဲဧကန်ပင်။ အထူးသဖြင့် သူငယ်ချင်းလေး သတ္တိအတွက် တစ်သက် မမေ့နိုင်စရာ နေ့ကလေးအဖြစ် တစ်သက်လုံးစာအတွက် စွဲထင်ကျန်ရစ်မည့် နေ့ကလေးလည်း ဖြစ်ပါလိမ့်မည်။

"အစ်ကို... အစ်ကို..."

ဟန်မင်းနိုင်၏ ဈေးရောင်းကောင်တာ‌ အရှေ့တွင် ရပ်နေသည့် ကလေးသည် သူ့ခေါ်သံကို မကြားသဖြင့် နှုတ်ခမ်းကလေးဆူလျက် စိတ်မရှည်စွာ ခေါ်လိုက်သည်။

"အစ်ကိုလို့..."

ထိုကလေး၏ ခေါ်သံကြောင့် လေလွင့်နေသည့် ဟန်မင်းနိုင်၏ စိတ်များ ပြန်လည် ရောက်ရှိလာသည်။

"ဪ... ကလေး... ပြောလေ... ဘာလိုချင်လို့လဲ"

"အစ်ကိုကြီးကလည်း ဈေးရောင်းနေပြီး ဘာတွေ တွေးနေတာလဲ မသိဘူး။ အကြာကြီး ရှိနေပြီ ခေါ်နေရတာ... ဈေးတောင် မဝယ်ချင်တော့ဘူး"

လေးတန်းအရွယ်ခန့်သာ ရှိဦးမည့် ကလေးငယ်တစ်ယောက်က ကြီးကြီးကျယ်ကျယ် လာပြောနေ၍ ဟန်မင်းနိုင် ရယ်ချင်မိသည်။

"ဆောရီးပါကွာ... အစ်ကို အတွေးတွေ လွန်နေလို့ပါ"

"မိုးပျံပူဖောင်းက တစ်လုံး ဘယ်လောက်လဲဗျ"

ကလေးငယ်က စားပွဲခုံထောင့်တွင် ချည်ထားသည့် မိုးပျံပူဖောင်းများကို လက်ညှိုးထိုးပြရင်း မေးသည်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now