Intro

20.5K 748 25
                                    

Unicode

အဓိပ္ပာယ်မြည်သည့် ရင်ခုန်သံဆိုတာ ဘာကိုဆိုလိုတာလဲ။ 

နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ မသိမသာထွက်ပေါ်နေသည့် ရင်ခုန်သံတွေက တစ်စုံတစ်ယောက်ကို ရည်ညွှန်းနေသည်ဆိုတာတော့ ကျွန်တော်သိသည်။

ဆိုးသွမ်းလွန်းတဲ့ ကျွန်တော့်ကို သူက အပြစ်မမြင်ဘဲ ခြေဖဝါးမှာ ကပ်ငြိနေသည့်အမှိုက်စလေးတွေကို သူက ဖယ်ပေးနေသည့်အချိန် ကျွန်တော့်နှလုံးသားက ရင်ခုန်နေသည့်အခိုက်ပေါ့။

လျစ်လျူရှုမိတော့တာဘဲ။

အမုန်းဆုံး ပတ်သတ်မှုတစ်ခုကို အစချီပြီး ကျွန်တော်သူ့ကို ချစ်မိသွားခဲ့တော့တာ။

...

အဖြူရောင် သတို့သားရှပ်ဝတ်စုံနဲ့ ကောင်လေးတစ်ယောက်။

လမ်းမထက်မှာ အမောတကာဖြင့် ပြေးလွှားနေတော့သည်။

ဘောင်းဘီအနားစတွေက မြေကြီးတွေ ပေကျန်နေတော့တာကို ကျွန်တော်မမူနိုင်တော့ဘဲ နောက်ကိုလှည့်ကြည့် လှည့်ကြည့်ဖြင့် ထွက်ပြေးလာခဲ့တာ။

မင်္ဂလာဆောင်ကနေ လက်မထပ်ချင်လို့ ထွက်ပြေးခဲ့တာ။ ကျန်ခဲ့သည့် သတို့သမီးကို အားနာပင်မဲ့ ဒီလိုလုပ်မှာ ရပ်တန့်မည့်ပွဲမို့ ခြေထောက်အနာခံပြီး အားလုံးထံကနေ ထွက်ပြေးလာခဲ့တော့ နောက်ကနေ လိုက်လာခဲ့သည့် ဒယ်ဒီရဲ့ လူတွေ။

တခြားအချိန်ဆုံး ဆဲလွှတ်မိမှာဆိုပင်မဲ့ အခုက ကျွန်တော့်ကို လိုက်ဖမ်းနေကြတာမို့ မရ'ရအောင် လွှတ်အောင်ပြေးနေရတော့သည်။ 

အနာတရတော့ မလုပ်နိုင်ကြပင်မဲ့ ဒယ်ဒီ့နားရောက်ရင် သေချာပေါက်အအော်ခံရမည့်အနေအထားလည်း ရှိနေသလို နောက်တစ်ခေါက် နောက်တစ်ယောက်နဲ့ လက်ထပ်ရမည့် အနေအထားကိုလည်း ပြန်ရောက်ရှိနိုင်ပါသည်။

လမ်းကြားတစ်ခုထဲကို ဝင်ကာ ပြန်ထွက်လိုက်တော့ ကားပေါ်ကဆင်းလာသည့် လူတစ်ယောက်နဲ့ ကျွန်တော် ဝင်တိုက်မိပြီး နောက်ပြန်ဖင်ထိုင်ရက်ကျမိတော့သည်။

"အာ့...ခင်ဗျားလူတစ်ယောက်လုံးကိုမမြင်ဘူးလား"

"ကိုယ်တောင်းပန်ပါတယ်...ရရဲ့လား"

Wedding RingWhere stories live. Discover now