Part 2

8.3K 585 72
                                    

Unicode

လေးလံနေသည့် ခြေလှမ်းတွေ။ ကားနားသို့ သူက ဦးတည်သွားနေပင်မဲ့ ကျွန်တော့်မျက်ဝန်းတွေက သူ့ရဲ့ ခြေလှမ်းတွေကိုဘဲ ကြည့်နေမိသလို တစ်ချက်တစ်ချက် သူ့ရဲ့လမ်းလျှောက်နှုန်းက ရပ်သွားတတ်ပြီး နှေးလွန်းသည့် ကျွန်တော့်ကို စောင့်ဆိုင်းနေသလိုပင်။

ပွဲပြီးသွားသည်အထိ မည်သူ့ကိုမျှ ကျွန်တော်မနုတ်ဆက်မိသလို ဒယ်ဒီကိုတောင် ကျွန်တော်မျက်နှာချင်းမဆိုင်ချင်သည်အထိ ကျွန်တော်စိတ်ဆိုးသွားခဲ့မိတာ။ 

ကားပေါ်တက်ရန် သူက ကျွန်တော့်အား ကားတံခါးဖွင့်ပေးလာသည်။

မင်္ဂလာပန်းတွေနဲ့ ပြင်ဆင်ထားသည့် ကားက အခုမှ ကျွန်တော့်မျက်လုံးထဲမှာ အကျည်းတန်နေသလိုမျိုးဘဲ။ တံခါးဖွင့်ပေးထားသည့် သူ့ကို လျစ်လျူရှုလိုက်ပြီး ကားအတွင်းထဲသို့ ဝင်ထိုင်လိုက်သည်။

ကျွန်တော့်ရဲ့ တိတ်ဆိတ်မှုကို သူလောင်ရယ်နေမလား။

"ကွာရှင်းချင်တယ်"

သူသည် ကားမောင်းနေရင်းမှ ကျွန်တော့်ရဲ့ တစ်ခွန်းတည်းသော စကားကြောင့် မျက်ဝန်းကော စိတ်မစဉ်ပါ ကျွန်တော့်ဘက်ကို လှည့်လာတော့သည်။ မျက်နှာချင်းဆိုင်ချင်စိတ်မရှိသည့်ကျွန်တော်ကဘဲ လမ်းမတည့်တည့်ကို အကြောင်းမရှိဘဲ ကြည့်နေမိတော့တာ။

"ကိုယ်တို့ လက်ထပ်ပြီးတာ..."

"ကွာရှင်းပြီးတာဘဲ လိုချင်တယ်"

"အခုလက်ထပ် အခုကွာရှင်းလို့မရဘူးကောင်လေး...အနည်းဆုံး ခြောက်လပြည့်မှ"

"အခုလိုချင်တာ"

"ကိုယ်တောင်းပန်ပါတယ်...မတတ်နိုင်လို့"

သူက ကားမောင်းနေပင်မဲ့ ကျွန်တော့်စကားလုံးတွေကို သူဂရုပြုသည်။ 

မိန်းမရှိတဲ့လူတစ်ယောက်ကို အိမ်ထောင်ရှိတဲ့လူတစ်ယောက်ကို ကျွန်တော်လက်ထပ်ခဲ့မိတာ။

ဒယ်ဒီကိုယ်တိုင် မငြင်းဆိုဘဲ ကျွန်တော့်ကို ထိုးထည့်ပေးခဲ့တာ။ 

ဦးတည်ရာ အိမ်ကိုရောက်တော့ ကျွန်တော်ပါ ကားပေါ်က ဆင်းလိုက်သည်။ အိမ်ထဲက ထွက်လာသည့် အလုပ်သမားတွေက သူနဲ့အတူ ကျွန်တော့်ကိုပါ နှုတ်ဆက်သည်။ ထို့နောက် ကားနောက်ခန်းထဲက ကျွန်တော့်ပစ္စည်းတွေကို သယ်ပေးပြီး အသီးသီးထိုနေရာမှ အိမ်ထဲသို့ ပြန်ဝင်သွားကြသည်။

Wedding RingWhere stories live. Discover now