Unicode
စိတ်ရူပ်ထွေးခြင်းတွေနဲ့အတူ တံခါးကို ဖွင့်လိုက်ကာ မှောင်မိုက်နေသည့်အခန်းထဲသို့ ဝင်သွားလိုက်သည်။ မီးကိုဖွင့်လိုက်တော့ ဖြူလွှလွှအိပ်ရာခင်းလေးက ကြိုဆိုနေပြီး တစ်ခန်းလုံး Narbi ရဲ့အငွေ့အသက်တွေက စွဲကျန်နေလျက်ပင်။
စားပွဲခုံပေါ်က နှင်းဆီပန်းအိုးလေးဟာလည်း ခြောက်ကပ်လျက်ရှိနေခဲ့ပြီး မျက်ဝန်းတစ်ခုလုံးဟာ အခန်းတည်နေရာထက်သို့ ကစားနေမိသည်။
ထိုအခန်းထဲသို့ တစ်ခါမှမရောက်ဖူးသည်မို့ စိမ်းသက်နေပင်မဲ့ မမရဲ့ကိုယ်သင်းနံ့ကတော့ နှာခေါင်းထဲရှိုက်ဝင်ကာ ရင်းနှီးလျက်ရှိသည်။
ကြွေကျကာ ခြောက်ကပ်နေသည့် နှင်းဆီပန်းတွေကို မသိမသာ ထိကြည့်လိုက်ပြီး စားပွဲပေါ်က စာရွက်တစ်ချို့နှင့် ဒိုင်ယာရီစာအုပ်သို့ အကြည့်ရောက်သွားသည်။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို ခွင့်မတောင်းဘဲမစပ်စုရဘူးဆိုသည့်အသိက ရှိနေသေးပင်မဲ့ လက်ကအလိုလို ထိုအရာတွေကို ကိုင်မိလျက်သားဖြစ်သွားပြီး စားပွဲနားက ခုံကိုဆွဲယူလိုက်ကာ ထိုင်လိုက်သည်။
ဒိုင်ယာရီစာအုပ်လေးကို ဖွင့်မကြည့်ခင် စာရွက်ညှပ်ထားသည့် ဖိုင်တွဲကိုအရင်ဆုံး ဖွင့်ကြည့်လိုက်မိသည်။
ဖွင့်ကြည့်လိုက်သည့်အချိန်တွင် မယုံနိုင်ခြင်းတွေနဲ့အတူ လက်ထဲကစာရွက်ကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်မိလျက်ပင်။
"လက်ထပ်စာချုပ်..."
Narbi ရဲ့လက်ထပ်စာချုပ်ဟာ Taehyung ရဲ့ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
"Choi Narbi..."
စာချုပ်ထက်၌ မျိုးရိုးနာမည်ဟာ Jeon ဟုတ်မနေခဲ့ဘဲ Choi ဆိုသည့်နာမည်က နေရာယူထားပြီး မယုံနိုင်ခြင်းတွေနဲ့အတူ သတို့သားနာမည်နေရာကို ကြည့်နေမိသည်။
"Choi Jae Sun"
စာချုပ်ဟာ Taehyung လက်ထဲတွင် တွန့်ကြေစွာ ဆုပ်ကိုင်ထားလျက်ဖြစ်နေပြီး မျက်ဝန်းထဲ၌လည်း မျက်ရည်စလေးတွေဟာ ရစ်သိုင်းလာတော့သည်။
တစ်ချိန်လုံးအထင်လွှဲခဲ့ခြင်းမှာ ဘာကြောင့် ဖြေရှင်းချက်မပေးဘဲ ထွက်သွားနိုင်ရတာလဲ။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe