Unicode
"ကိုယ်နဲ့ အလုပ်လိုက်ခဲ့..."
"မလိုက်ဘူး။ အယ်...လိုက်မယ်...လိုက်မယ်..."
Taehyung ရဲ့ ချစ်စရာကောင်းသည့် စကားအသုံးအနှုန်းလေးကြောင့် Jungkook နှုတ်ခမ်းပါးဟာ မသိမသာတွန့်ကွေးလျက် လက်ထဲက နက်ကတိုင်ကိုလည်း Taehyung ကို ထောင်ပြလေသည်။ သဘောက နက်ကတိုင် ချည်ပေးပေါ့လေ။
လက်ထဲက နက်ကတိုင်ကို ဆွဲယူလိုက်ကာ နှစ်ကိုယ်ကြား လေဝင်လေထွက်မရှိလောက်အောင်ကို နီးကပ်နေခဲ့ကြပြီး Taehyung လက်လေးဟာ တစ်ချက်တစ်ချက် Jungkook လည်ပင်းသားကို ထိထိသွားတတ်သေးသည်။
"ပြီးပြီ...ကျွန်တော့်ကို ခိုင်းတော့တာဘဲနော်..."
ခါးကို ဆတ်ခနဲဆွဲယူလိုက်တော့ အလန့်တကြား Taehyung ၏ လက်နှစ်ဖက်ဟာ Jungkook ရင်ဘတ်ကို ထိန်းကိုင်လိုက်ပြီး ခါးထက်၌ Jungkook လက်ဟာလည်း ပိုမိုတင်းကျပ်လာတော့ပေသည်။
"ချစ်လို့လုပ်တာလေ...ခိုင်းတယ်လို့မှမခေါ်တာ။"
"ပေါက်ပေါက်ရှာရှာတွေ သိပ်ပြောတာဘဲ...လွှတ်လိုက်တော့"
"မလွှတ်ချင်သေးဘူး...မင်းနဲ့အခုလို စိတ်တူကိုယ်တူ ထိတွေ့ရတာက ပထမဆုံးလေ...ကိုယ်အချိန်တွေကုန်သွားမှာတောင် သိပ်ကိုကြောက်တော့တာဘဲ..."
"ခင်ဗျားတုံးအနေအုံးမယ်နော်...အရင်လည်း မကြိုက်ဘူးပြောတာတောင် ဇွတ်အတင်းထိတဲ့လူကများ။"
"ကိုယ့်ကို ငြိုငြင်နေတာလား"
ခေါင်းယမ်းပြလိုက်တော့ Jungkook ကဟက်ခနဲရယ်ပြီး နှုတ်ခမ်းပါးလေးက အလိုလို Taehyung ရဲ့ နားထင်စက်ကို ပွတ်ဆွဲလာပြီး မျက်ဝန်းလေးတွေဟာလည်း အလိုလိုမှိတ်သွားကြလေသည်။
"ကိုယ်မင်းကို ချစ်တယ်..."
"ကျွန်တော်ကတော့ မုန်းတယ်..."
"ကိုယ်သိပါတယ်..."
နှုတ်ခမ်းလေးကို စိုက်ကြည့်ကာ ပြောလျက် ဆက်ခနဲနမ်းပစ်လိုက်တော့ Taehyung က ခေါင်းကိုဆုတ်ပစ်ကာ မျက်လုံးပြူးပြလာသည်။
"ကိုယ်နမ်းမယ်လေ"
"မနမ်းရဘူးလေ...ကျွန်တော်နမ်းမယ်"
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe