Part 14

7.3K 561 31
                                    

Unicode

ကလေးကို ကိုယ်တိုင်ပြုစုစရာမလိုဘဲ သူနာပြုအထိန်းနဲ့ထားပေးသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ကလေးဘဲချစ်တတ်တာ။ ကလေးဆို မထိန်းတတ်သည်မို့ ဘေးနားကနေသာ ထိုင်ကြည့်နေလျက်သာ အဆင်ပြေပေသည်။

ရက်သားလေးက ဖြူဖြူနုနုရဲရဲလေးမို့ သိပ်ကိုအူယားစရာကောင်းနေခဲ့သလို သိပ်ကိုချစ်စရာကောင်းနေခဲ့တာဖြစ်ပေသည်။

သူနာပြုက ကလေးကို ကျွန်တော့်လက်ထဲသို့ ထည့်ပေးကာ အအေးခံထားသည့် နို့ဘူးလေးကိုပါ ပေးသည်။ ပြုံးလျက် ယူလိုက်ပြီး နှုတ်ခမ်းသေးသေးထံ နို့ဘူးတေ့ပေးလိုက်တော့ အသဲအသန်စို့တော့ပေသည်။

"ပါးသမီးလေးက ဗိုက်ဆာနေတာကို..."

"ကလေးက အကိုလေးနဲ့ သိပ်တူတာဘဲ"

"နှင်းဆီလေးလိုဘဲ သိပ်လှတယ်။ ကျွန်တော်တော့ ချစ်မဝဖြစ်နေပါပြီ။ဟုတ်တယ်မလား ပါးရဲ့ Jeon Sofia လေးရဲ့...ကြီးရင် ဆိုးရမယ်နော် ကြားလား"

ကလေးက နားလည်သလားမသိပင်မဲ့ နို့စို့နေရင်းမှ Taehyung ကို မျက်လုံးဝိုင်းလေးဖြင့် ကြည့်လာတော့ အခန်းထဲ၌ ခပ်ဩဩရယ်သံလေးကလည်း သံစဉ်တစ်ခုလို ထွက်ပေါ်လာခဲ့သည်။

အခန်းထဲဝင်ရန်ပြုလိုက်မည်အချိန်တွင် အခန်းထဲက ရယ်သံလေးတွေကြောင့် Jungkook နှုတ်ခမ်း၌ အပြုံးလေးတွင် ပေါ်လာပြီး အခန်းတံခါးကို မသိမသာဖွင့်လိုက်တော့ ကုတင်ထက်တွင် ကလေးကို ပွေ့ကာ စကားတွေပြောနေသည့် Taehyung ကိုမြင်လိုက်ရတော့သည်။

တော်ပါသေးတယ်။ သူ့ကိုမုန်းပင်မဲ့ ကလေးကိုတော့ ချစ်နေခဲ့ပေးလို့။အဲ့အတွက်လည်း ကိုယ်ကမင်းကိုထပ်ပြီး အချစ်တွေပိုရပြန်တော့တယ်။

တံခါးတွင် ရပ်ကာ ထိုပုံရိပ်လေးကို Jungkook မှာအပြုံးတွေဖြင့် ငေးကြည့်ရင်း။

သို့သော် Taehyung ရဲ့ မျက်ဝန်းတွေက Jungkook ထံရောက်သွားပြီး အပြုံးတွေလည်း ရပ်တန့်သွားသည်။ Jungkookက ပြုံးပြပင်မဲ့လည်း Taehyung ရဲ့ လျစ်လျူရှုခြင်းသာ ပိုင်ဆိုင်ရရင်းနဲ့ သက်ပြင်းတစ်ချက်ရှိုက်ကာ ကလေးနဲ့အတူရှိနေသည့် Taehyung အနားသို့သွားလိုက်ပြီး ဘေးတွင်ဝင်ထိုင်လိုက်သည်။

Wedding RingWhere stories live. Discover now