Part 4

7.4K 568 22
                                    

Unicode

လေးလံနေသည့်မျက်ခွံတွေ။ ငိုနေရင်း အိပ်ပျော်သွားမှုကြောင့် မျက်လုံးတွေက မို့အစ်နေမှာသေချာသည်မို့ မျက်လုံးတွေက လေးပြီး စပ်နေတာ။

ထိုးကိုက်နေသည့် ခေါင်းကြောင့် ဖြည်းညင်းစွာ အိပ်ရာပေါ်မှာ ထထိုင်လိုက်ပြီး နှုံးနေသည့် ခန္ဓာကိုယ်က မနက်စောစော ကျွန်တော့်ကို ကြိုဆိုနေတော့ပေသည်။

မျက်လုံးတွေက ဖွင့်မရသလို ခံစားချက်။

လေးလံနေသည်ကို လျစ်လျူရှုလိုက်ပြီး ခြေရင်းက ဆိုဖာထက်၌ အိပ်နေသည့် သူ့ကို ကျွန်တော်မြင်လိုက်ရသည်။

ငေးကြည့်နေရင်း...ကျွန်တော်ငေးကြည့်နေရင်း...

ဘာကြောင့် သူဟာ အိမ်ထောင်ရှိရဲ့နဲ့ ကျွန်တော့်ကို ချည်နှောင်ခဲ့တာလဲ။ 

ဘဝမှာပိုင်ဆိုင်သူရှိသည့် လူတစ်ယောက်နဲ့ လက်ထပ်ရမယ်လို့ ကျွန်တော်မတွေးခဲ့ဘူး။ ထိုခံစားချက်ကိုလည်း ကျွန်တော်သိပ်မုန်းတီးလွန်းသည်။

သူ့ရဲ့ အသက်ရှူသံကို ကျွန်တော်ရင်မောစွာ နားထောင်နေမိသည်။

ကျွန်တော့်ငိုသံတွေကိုကော သူနားထောင်နေမလား။ 

ကျွန်တော့်ခြေလှမ်းတိုင်းကို သူလိုက်နေပင်မဲ့ အချစ်ဆိုတာကြီးကို သူ့ကြောင့် ကျွန်တော်မုန်းတီးသွားတော့တာ။

အသက်ရှူတိုင်း...ကြောက်ရွံ့မှုတိုင်း...

မညာကြေးဆို သူ့မှာ သက်ဆိုင်သူမရှိရင် ကျွန်တော်ပျော်ပျော်ကြီးလက်ခံပြီး နှလုံးသားတစ်ခုလုံးပုံအပ်ပြီးတောင် ချစ်ဖို့ ကျွန်တော်ကြိုးစားမိမှာ။

ဘာလုပ်ရမလဲ။ 

ကျွန်တော်ရပ်တန့်နေပင်မဲ့ နောက်ကနေ ကျွန်တော့်လက်ကို လှမ်းဆွဲထားသည့် သူ့ရဲ့ခြေလှမ်းတွေကိုပါ ကျွန်တော်ရပ်တန့်ဖို့ ကြိုးစားရမှာလား။

ဆိုဖာထက်၌ အိပ်နေသည့် သူက တစ်ဖက်သို့စောင်းလာပြီး အတွေးတွေနဲ့ သူ့ကိုငေးကြည့်နေသည့် ကျွန်တော့်ကို မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ပြန်ငေးကြည့်လာသည်။

Wedding RingWhere stories live. Discover now