Part 5

7.3K 573 4
                                    

Unicode

တစ်ပတ်အတွင်း Taehyung ရဲ့ ဆိုးပုံဆိုးနည်းတွေကို သည်းခံနိုင်ဆုံးက Jungkook သည်သာ။

ဘာလုပ်လုပ် ဘာပြောပြော လေသံအေးအေးဖြင့် အပြုံးလေးဖြင့်သာ သိပ်ကိုတုံ့ပြန်တတ်သည်။ ထိုအမူအရာကြောင့်လည်း Taehyung သည် ဆတ်ဆတ်ထိမခံသလို ခံစားမိပြန်တော့ပေသည်။

အပြင်ဘက်ခြံထဲ၌ ပန်းတွေကိုထိုင်ကြည့်နေသည့် အမျိုးသမီးကို ကျွန်တော်ပြတင်းပေါက်ကနေ လှမ်းကြည့်မိတော့ပေသည်။

ကြည့်ရသလောက် Jungkook က ထိုအမျိုးသမီးကိုချစ်ပုံပင်။ အသေးစိတ်ကအစ သိပ်ဂရုစိုက်တာမျိုးကို မြင်နေရသည်မို့။

ကိုင်ထားသည့်အရက်ပုလင်းကို စားပွဲခုံပေါ်သို့ တင်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ 

အလုပ်သမားတွေက အလိုလိုရှိန်လာမှုကြောင့် Taehyung ကိုရှောင်ဖယ်ကြသည်။ သူတို့သူဌေးကိုတောင် အနိုင်ယူတဲ့သူမို့ သူတို့သိပ်ကြောက်နေတာဖြစ်မည်။

ခြေသံငြိမ်ငြိမ်ဖြင့် ထိုနေရာသို့ ကျွန်တော်ဦးတည်သွားလိုက်သည်။

"ပျင်းနေတာလား Taehyung..."

နောက်လှည့်မကြည့်ဘဲ ဝှီးချဲပေါ်ကနေ ပန်းတွေကို ကိုင်ကြည့်နေရင်း ပြောလာသည့် သူမရဲ့စကားကြောင့် ကျွန်တော့်ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားပြန်တော့သည်။

"မပျင်းပါဘူး...အဆင်ပြေပါတယ်"

လေသံအေးအေးဖြင့် သူမကို ပြန်တုံ့ပြန်လိုက်သည်။

"မမရဲ့ သမီးလေးကို ဘယ်လိုနာမည်ပေးသင့်လဲ"

နှင်းဆီပန်းအဖြူရောင်လေးကို သူမက မွှေးကြူရင်း သူမကို ရပ်ကြည့်နေသည့် ကျွန်တော့်ကို မေးမြန်းလာတော့သည်။

ဘယ်လိုတောင် ကျွန်တော့်အတွက် မျက်နှာပြောင်တိုက်တဲ့မေးခွန်းလဲ။

"အဲ့တာက ကျွန်တော့်ကို မေးရမှာမဟုတ်ဘဲ အမယောကျာ်း Joen Jungkook ကိုမေးခွန်းထုတ်ရမှာလေနော်...ရယ်ချင်စရာကောင်းနေတော့တာဘဲ"

"မမက မင်းကိုယုံလို့ပါ...မင်းစဉ်းစားပေးနိုင်မလား..."

နူးညံ့စွာ မှိုင်းညို့မှုတွေနဲ့အတူ ဆိုလာသည့် သူမကြောင့် ကျွန်တော့်မှာ ငေးကြည့်လျက်သာ ဖြစ်သွားတော့သည်။

Wedding RingWhere stories live. Discover now