Unicode
ဗုန်း
အလုပ်လုပ်နေရင်း စားပွဲပေါ်သို့ ဗုန်းကနဲပစ်ချလာသည့် စာရွက်ဖိုင်ကြောင့် Jungkook ၏မျက်လုံးတွေသည် ရပ်နေသည့် Taehyung ထံသို့ ရောက်သွားလေသည်။
"အဲ့တာဘာလဲ"
ပြောလည်းပြောရင်း ယူလိုက်ပေသည်။ သို့ပင်မဲ့ ဖွင့်ကြည့်မည့်အချိန်တွင် Taehyung ၏ စကားကြောင့် Jungkook ရဲ့လက်တွေ ရပ်တန့်ကုန်ပေသည်။
"ကွာရှင်းစာချုပ်"
"ဘာပြောတယ်"
"ကျွန်တော်လက်မှတ်ထိုးပြီးသားပါ။ ခင်ဗျားလက်မှတ်ဘဲလိုတော့တယ်။ ကွာရှင်းရအောင် Jungkook။ ကိုယ့်ဘဝနဲ့ကိုယ်နေကြမယ်။"
"မင်းမို့ပြောထွက်ရက်တယ် Taehyung။ မင်းမို့ ကိုယ့်ကိုပြောထွက်ရက်တယ်"
"ကျွန်တော်ခင်ဗျားနဲ့ မနေချင်ဘူး။ ခင်ဗျားစိတ်တိုင်းကျ ကျွန်တော့်ကို လက်ထပ်ပြီးပြီမလား။ ကွာရှင်းရအောင်"
စာရွက်ကို စိတ်တိုစွာဖြင့် လုံးချေပစ်ကာ လွှင့်ပစ်လိုက်သည်။
"Jeon Jungkook"
"မင်းကို ရအောင်ယူထားတာက ကွာရှင်းပေးဖို့မဟုတ်ဘူး။"
ပစ်ထားသည့် စာရွက်ကို ကောက်ရန်ပြင်တော့ Jungkook က အနားသို့လျင်မြန်သည့် ခြေလှမ်းတွေဖြင့် လာကာ Taehyung ရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး သူနဲ့နီးကပ်စေတော့သည်။ ရင်အုပ်ကျယ်ကျယ်ကို တွန်းလာသည့် လက်ကလေးကလည်း တုန်ရီနေပေသည်။
"လွှတ်လိုက်နော်...ရမ်းကားဖို့မကြိုးစားစမ်းနဲ့"
"မင်းအရင်လာစမ်းတာ Taehyung။ ကိုယ့်စိတ်ကို ဒီလိုဖြစ်အောင် မင်းလုပ်နေတာ"
Taehyung ကိုပွေ့ချီလိုက်တော့ အလန့်တကြားရုန်းကန်တော့သည်။
"အငြိမ်နေစမ်း။ မင်းကို သိပ်စိတ်တိုနေတယ်"
"လွှတ်ပေး...လူဆိုးရဲ့"
စားပွဲခုံပေါ်က ပစ္စည်းတွေက Taehyung ရဲ့ခြေထောက်နဲ့ တိုက်ချပစ်ပြီး Taehyung ကို စားပွဲပေါ်တွင် လဲအိပ်စေကာ အပေါ်ကနေ အုပ်မိုးလိုက်သည်။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe