Unicode
ကလေးသိပ်နေတုံးက Jungkook သည်ခြံထဲမှာ ဖုန်းပြောနေလျက်ရှိနေပြီး အခုကလေးအိပ်သွားတာတောင် အခုထက်ထိ ဖုန်းပြောတာမပြီးသေးသည်မို့ Taehyung မျက်မှောင်ကြုတ်လျက် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပေသည်။
ထို့နောက် ကလေးကို စောင်သေချာခြုံပေးလိုက်ကာ မြန်ဆန်နေသည့် ခြေလှမ်းတွေဖြင့် အောက်ထပ်သို့ဆင်းလာခဲ့ပြီး နှင်းဆီပန်းပင်တွေနား ရပ်နေသည့် တစ်ဦးတည်းသောသူနားသို့ မသိမသာဖြင့် တိတ်တိတ်လေးသွားလိုက်သည်။
ထို့နောက် Jungkook ကဖုန်းပြောလျက် အနောက်သို့လှည့်လာသည့်အခိုက်တွင် သူ့ကိုမြင်လိုက်ခြင်းကြောင့် စကားပြောရင်းမှ ပြုံးပြလာသေးပြန်သည်။
ထို့ကြောင့် ဒီတိုင်းသာ ဘေးနားလာရပ်လိုက်တော့ လက်တစ်ဖက်ကို Jungkook ကကိုင်လာပြီး ဖုန်းကိုတော့ ဆက်ပြောနေစဲပင်။
ပွင့်ဖူးနေသည့် နှင်းဆီပန်းတစ်ပွင့်ကို လှမ်းခူးလိုက်ပြီး ရိုးတံကိုချိုးကာ အဆူးတွေကို ဖယ်ပစ်လိုက်သည်။ ပန်းမခူးတာလည်း ကြာပြီမို့ ခြံစည်းရိုးတစ်လျှောက် ပန်းတွေက နီရဲနေအောင် ပွင့်ဖူးနေခြင်းက Taehyung ကို ပိုပြုံးစေတော့သည်။
"ကောင်းပါပြီ...မင်းကြည့်စီစဉ်လိုက်ပါ...ကိုယ်မင်းကိုဘဲ အကုန်တာဝန်ပေးလိုက်ပြီနော်...အဲ့ဆိုရင် ဖုန်းချပြီနော်"
ဖုန်းကိုပိတ်လိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ကာဖြင့် ဘေးနားက Taehyung ကို ပြုံးကာဖြင့်ကြည့်လာသည်။
အောက်နှုတ်ခမ်းလေးကို Taehyung က မသိမသာကိုက်ကာ Jungkook နဲ့မျက်နှာချင်းဆိုင် ပိုနီးကပ်စေလိုက်ပြီး ကိုင်ထားသည့် နှင်းဆီပွင့်လေးကို Jungkook ရဲ့ နားကြားလေးထဲမှာ ညှပ်ပေးလာတော့ ပြုံးနေသည့် Jungkook အကြည့်တွေမှာ အံ့ဩမှုတွေအနည်းငယ်ပါလာတော့သည်။
"ကိုယ့်ကို ပန်း'ပန်ပေးလိုက်တာလား"
နှင်းဆီပန်းရဲရဲတောက်တောက်ဟာ Jungkook ဆံနွယ်တွေနဲ့အတူ နားကြားထဲမှာရှိနေပြီး ရုပ်မဆိုးသွားဘဲ ပိုပြီးခန့်ညားကာ ချောနေခြင်းဖြစ်သည်။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe