Unicode
အပြင်ဘက်က မိုးဟာ တစ်စိမ့်စိမ့်နဲ့ ရွာသွန်းနေလျက်ရှိနေသည်။ ဆေးရုံထဲ၌ ပိုးသတ်ဆေးနံ့တွေက နှာခေါင်းထဲ ရှိုက်ဝင်နေခဲ့သလို သွေးတွေပေနေသည့် အင်္ကျီအဖြူဟာလည်း မြင်မကောင်းစွာ ရှိနေခဲ့သည်။
အပြင်ဘက်ကနေ လေးပင်စွာရပ်နေရင်း။ လူနာခန်းထဲတွင် မေ့မျောနေသည့် သူမလက်ကို ကိုင်ကာ ထိုင်နေသည့် Jungkook ကို သူအပြင်ကနေ ငေးကြည့်နေရင်းနဲ့။
မျက်တောင်တစ်ချက်ခတ်တိုင်း မျက်ဝန်းလေးက မှိုင်းနေတာ သိပ်ကို သိသာသည်။ ပါးပြင်ပေါ်သို့ ကျဆင်းသွားသည့် မျက်ရည်စက်။
ပွတ်ဆွဲကာ သုတ်ပစ်လိုက်ပြီး ထိုနေရာမှ သူထွက်လာခဲ့တော့သည်။
မေ့မျောနေသည့် သူမလက်သေးသေးကို Jungkook ဆုပ်ကိုင်နေရင်း ငေးကြည့်နေခဲ့သည်။ ကလေးလည်း ကျန်းမာရေးစစ်ဖို့အတွက် ဆရာဝန်လက်ထဲမှာဘဲ ရှိနေသေးသည်မို့ အခုထိ သူကလေးကို မတွေ့ရသေးသလို မမရဲ့အခြေအနေကလည်း နောက်ဆုံးအခြေအနေတွင် ရှိနေခဲ့ပေသည်။
မျက်ရည်တွေက ရစ်သိုင်းမနေခဲ့သလို သူဟာ သိပ်ကိုတည်တန့်နေခဲ့ပြန်သည်။ ဆေးချိတ်ထားသည့် လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဆေးထိုးပိုက်အပ်ကို ဖြုတ်ပစ်လိုက်သည်။
မျက်လုံးဖွင့်လာသည့် သူမက Jungkook ကို ကြည့်နေလိုက်ရင်း။ အောက်ဆီဂျင်ပိုက်ကိုပါ ဖြုတ်ပေးလာသည်။
"နာနေခဲ့ပြီမလား..."
"အင်း..."
နွေးတေးတေးဖြစ်နေသည့် လက်လေးကို ပိုဆုပ်ကိုင်လိုက်ကာ ဆံပင်လေးကို နားရွက်ကြားထဲ ညှပ်ပေးလိုက်တော့ သူမက အနည်းငယ်ပြုံးပြလာသည်။ ခြောက်သွေ့နေသည့် နှုတ်ခမ်းပါးလေးက စကားပြောဖို့ မနည်းအားယူနေခဲ့ရင်း။
"သေခြင်းတရားက မမစီမှာ အမြဲရှိနေခဲ့တာ"
"မပြောပါနဲ့...ကလေးကို မမကိုယ်တိုင် စောင့်ရှောက်ပြိုးထောင်ပေးရမှာ"
"မမသိတယ်...မမမှာခံနိုင်ရည်မရှိတော့ဘူး...ဆေးတွေကိုလည်း မုန်းလွန်းလို့ တိတ်တဆိတ် သွန်ပစ်တဲ့အထိလေ...မမသူ့ကိုစောင့်နေခဲ့တာ...သူသာပြန်လာခဲ့ရင် သူနဲ့အတူကလေးကို စောင့်ရှောက်ဖို့မမရဲ့ရောဂါကိုရအောင်ကုခဲ့မှာ မမပင်ပန်းနေပြီ"
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe