Part 1

10.6K 628 16
                                    

Unicode

နောက်ထပ် လက်ထပ်ပွဲအတွင်း။

တင်းကျပ်သည့် ဒယ်ဒီ့အစောင့်တွေကြောင့် ကျွန်တော်ဒီတစ်ခါတော့ အငိုက်မိသွားခဲ့ပြီး လက်ထပ်ဖို့တကယ်ဖြစ်လာခဲ့တော့တာ။

ဒယ်ဒီနဲ့အတူ ခန်းမထဲဝင်မည့်အခိုက် ဒယ်ဒီ့ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး

"နောက်ဆုတ်လို့မရဘူးလား ဒယ်ဒီ...ကျွန်တော်တကယ်လက်မထပ်ချင်ခဲ့တာ"

တစ်ဖက်က ကျွန်တော်နဲ့လက်ထပ်မဲ့ သတို့သမီးကိုလည်း ကျွန်တော်ထပ်မသိရသလို ဒယ်ဒီရဲ့ အမိန့်ကိုဘဲ လက်ခံရရှိတော့တာ။ ဘာမှပြန်မပြောသည့် ဒယ်ဒီက ခန်းမထဲကို ကျွန်တော်နဲ့အတူ ဦးတည်ဝင်သည်။

ဧည့်သည်တွေက ကျွန်တော်တို့ကို အပြုံးတွေနဲ့ကြိုဆိုနေပင်မဲ့ ဖာသာနဲ့အတူ ရှိနေရမည့် သတို့သမီးကို ကျွန်တော့်မျက်ဝန်းက ရှာနေမိတော့တာ။ သို့ပင်မဲ့ သတို့သမီးကို မတွေ့ဘဲ ကျောပေးထားသည့် အဖြူရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ယောက်ကိုသာ ကျွန်တော် တွေ့ရှိလိုက်ရပြန်သည်။

ပိုက်ဆံချမ်းသာတဲ့ ဒယ်ဒီက ကျွန်တော့်ကို တခြားသူလက်ထဲ ထည့်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တာ။ ကျွန်တော့ သဘောထားကို မမေးတော့ဘဲ လုပ်ချင်ရာသာ လုပ်လိုက်သည်အထိ။

နောက်ထပ် လက်ထပ်ပွဲက မျိုးတူယောကျ်ားတစ်ယောက်တဲ့။ ရယ်လိုက်မိတော့သည်။

ဖာသားနားရပ်လိုက်ပြီး ကျွန်တော်လည်း တစ်ဖက်ကို မျက်နှာချင်းဆိုင်လိုက်သလို တစ်ဖက်ကလည်း ကျွန်တော့်ကို မျက်နှာချင်းဆိုင်လာသည်အခိုက်။

အရာအားလုံး ရပ်တန့်သွားသလို။

ရွတ်ဆိုနေသည့် ကျမ်းစာက ကျွန်တော့်နားထဲ မဝင်တော့ဘဲ ရှေ့ကလူကိုသာ ကျွန်တော်ကြည့်နေမိတော့တာ။

"Jeon Jungkook..ခင်ဗျား"

....

လွန်ခဲ့သော တစ်ပတ်ခန့်က...

တိတ်ဆိတ်နေသည့် အိမ်ပေါ်ထက်မှ ကျွန်တော်ခြေသံတိတ်တိတ် ဆင်းလာခဲ့သည်။

နားပါးလွန်းသည့်ဒယ်ဒီနဲ့တိုးရင် အခန်းထဲမှာတင်မကုန်ဆုံးချင်တာမို့ တိုးတိတ်စွာဖြင့် အပြင်ထွက်ရန်လုပ်မိတာ။

Wedding RingWhere stories live. Discover now