Part 7

7.1K 554 17
                                    

Unicode

Jungkook အပြင်ကနေ ပြန်လာတော့ တိတ်ဆိတ်နေသည့် ဝန်းကျင်က ကြိုဆိုနေခဲ့ပြီး ဒီအချိန်ဆို မမက အခန်းထဲမှာ စာဖတ်နေမှာ။

အဲ့ဆို Taehyung ကကော ဘယ်ရောက်နေလဲဆိုသည့် အတွေးဖြင့် အိမ်အပေါ်ထပ်သို့ လျင်မြန်စွာ တက်လာတော့ အခန်းရှေ့တွင် ရပ်နေသည့် ဘော်ဒီဂတ်နှစ်ယောက်ကို တွေ့လိုက်ရတော့ သက်ပြင်းသဲ့သဲ့ ချမိလျက် အနားသို့ သွားလိုက်သည်။

"အခန်းထဲမှာ ကလေးရှိလား"

"ရှိပါတယ်...အပြင်မသွားပါဘူး.."

"အင်း...တော်တယ်..မင်းတို့သွားလို့ရပြီ..."

အခန်းထဲဝင်လိုက်တော့ ကုတင်ခြေရင်းတွင် ထိုင်နေသည့် ကောင်လေးကို တွေ့လိုက်ရသည့် အခိုက် သက်ပြင်းရှိုက်မိသွားသည်။

အခုလုပ်ရပ်ကြောင့် Taehyung ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ Jungkook သိပ်သိပေသည်။

အခန်းတံခါးကို ပိတ်သံကြားတော့ Taehyung က တံခါးဘက်ကို ကြည့်လိုက်တော့ ကျွန်တော့်ကိုမြင်လိုက်ရလို့ထင်တယ်...ဒေါသထွက်လျက် ကျွန်တော့်အနားသို့ ရောက်လာပြီး ပါးကို ဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်တော့သည်။

လည်ထွက်သွားသည့် Jungkook ရဲ့ မျက်နှာ။ ပါးတစ်ဖက်က ပူထူလာပြီး ရဲလာခဲ့တော့သည်။

"လူယုတ်မာ...ကျွန်တော့်ဘဝကို ချုပ်ချယ်ဖို့ တွေးနေတာတင်မဟုတ်ဘူး...ခင်ဗျားလူတွေနဲ့ပါ ကျွန်တော့်ကို အကျယ်ချုပ်ချထားတယ်ပေါ့လေ"

"ကိုယ်မင်းကို အပြင်မသွားဖို့ ပြောပြီးသား...ကိုယ်က မင်းရဲ့အုပ်ထိန်းသူ...မင်းအပေါ် ကိုယ်အားလုံးလုပ်လို့ရတယ် ကလေးလေး"

"အော်...အုပ်ထိန်းသူလား...အားလုံးလုပ်နိုင်တယ်ပေါ့...Jeon Jungkook ခင်ဗျားကျွန်တော့်ကို ဘာမှမလုပ်နိုင်ပါဘူး...အခု...ဒီအိမ်မှာ ကျွန်တော်မနေနိုင်တော့ဘူး...ဒယ်ဒီ့စီပြန်မယ်...ခင်ဗျားနဲ့ကွာရှင်းမယ် ခြောက်လနေမှ ကွာရှင်းရလည်း ကိစ္စမရှိဘူး...တစ်အိမ်တည်းတော့ အတူမနေနိုင်တော့ဘူး"

အခန်းထဲကနေ ထွက်ရန်ပြင်တော့ ခါးကနေ ဆွဲမကာ Taehyung ကို ကုတင်ထက်သို့ ပစ်တင်လိုက်ပြီး အုပ်မိုးလိုက်ကာ လက်တစ်ဖက်က Taehyung ရဲ့လည်ပင်းကို ညစ်ထားသလို အနေအထားဖြစ်သွားသည်။

Wedding RingWhere stories live. Discover now