Unicode
ဒယ်ဒီနဲ့ စကားပြောပြီး လူနာခန်းထဲကနေ ပြန်ထွက်လာတော့ ထိုင်နေသည့် ဒယ်ဒီ့၏ မန်နေဂျာက Taehyung ကိုမြင်တော့ မတ်တပ်ရပ်လာသည်။
"ဒယ်ဒီ့ကို တစ်ချက်ကြည့်ပေးထားပါနော်....တစ်ခုခုအရေးပေါ်ဆို ကျွန်တော့်ကိုပြောပါ...ဒယ်ဒီ့ကိုမေးကြည့်တာတော့ အားနည်းတာလို့ပြောပင်မဲ့ ကျွန်တော်စိတ်မချလို့ပါ...အိမ်မှာက ကလေးတစ်ယောက်တည်း ကျန်ခဲ့တာမို့..."
"စိတ်ချပါသခင်လေး...ကျွန်တော်ရှိနေပါမှာ"
"ကောင်းပါပြီ။"
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ လျှောက်လမ်းဘက်ကိုထွက်လာခဲ့သည်။ ခြေလှမ်းတွေဟာ နှေးကွေးနေပြီး အတွေးထဲမှာ လူတစ်ယောက်တည်းကသာ စိုးမိုနေပြန်သည်။
ငုံ့နေသည့်ခေါင်းက မော့လိုက်သည့်အချိန်တွင် လျှောက်လမ်းဘက်တွင် မျက်နှာချင်းဆိုင်လျှောက်လာသည့် Jungkook ကိုတွေ့လိုက်ရသည်တွင် ခြေလှမ်းတွေဟာ ရပ်တန့်သွားပြီး စိတ်ဆိုးမှုတွေဟာလည်း ပျောက်သွားသလိုပင်။ ဒယ်ဒီ့ကို သူ့လိုဘဲ လာတွေ့တာဖြစ်မည်။
"ခင်ဗျား အိမ်ပြန်မလာသေးဘူးလား...ကျွန်တော့်ကိုချော့စေချင်နေတာမလား"
"မဟုတ်ဘူး။ မင်းနားက ချော့တာလည်း ကိုယ်မလိုချင်ပါဘူး။အလုပ်ကြောင့်အိမ်ပြန်မလာရုံဘဲ"
ထိုသို့တစ်ခွန်းသာ ပြောပြီး ဆက်လျှောက်သွားတော့ နောက်က Taehyung ၏အသံကြောင့် ခြေလှမ်းဟာလည်း အမိန့်မိထားသလို အလိုလိုရပ်တန့်ပြန်သည်။
"Jungkook..."
ခေါ်သံတိုးတိုးလေးကြောင့် တည်တန့်နေသည့် မျက်နှာဟာ စိတ်ဆိုးနေမှုကိုဖော်ပြနေပင်မဲ့ နောက်သို့တော့ လှည့်ကြည့်လာပေသည်။
"သမီးလေးက ခင်ဗျားကိုလွမ်းနေတယ်...ကျွန်တော့်စကားကြောင့်တော့ ခင်ဗျားအိမ်ပေါ်က မဆင်းသင့်ပါဘူး...ကျွန်တော်လည်း လွမ်းနေတယ်"
နောက်ဆုံးစကားလုံးဟာ တိမ်ဝင်သွားပြီး အလိုလိုခေါင်းငုံ့မိလျက်သားဖြစ်သွားသလို ကြုတ်ထားသည့် Jungkook ၏မျက်ခုံးတန်းသည်လည်း အနည်းငယ် ပြေလျော့သွားလေသည်။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe