Part 6

7.3K 559 6
                                    

Unicode

ဒီအိမ်ရောက်လာသည့် အခိုက် ကျွန်တော်လုပ်ဖြစ်တာက သူ့ကို ပြဿနာရှာမယ်။ အပြင်တွေသွားတာနဲ့ အချိန်မရှိမှ ပြန်လာပင်မဲ့လည်း အိမ်ထဲဝင်လိုက်သည်နှင့် ကျွန်တော့်ကို စောင့်နေသည့် သူ့ကိုမြင်တွေ့လိုက်ရတာမျိုး။

အခုလည်း ဘားကနေ ပြန်လာတော့ ဧည့်ခန်းထဲတွင် ထိုင်ကာ အလုပ်လုပ်နေသည့် သူက တခြားတော့မရှိသလို ပြန်မလာသေးသည့် ကျွန်တော့်ကိုစောင့်နေတာ။

တစ်ခုမကြိုက်တာက သူ့အမျိုးသမီးအခန်းထဲမအိပ်ဘဲ ကျွန်တော်နေသည့် အခန်းထဲမှာ ဆိုဖာပေါ်လာအိပ်တာက လက်ထပ်ပြီးကတည်းက။ စိတ်မဝင်စားတာမို့ သူ့ဘာသာသူဘယ်လိုနေနေ လျစ်လျူရှုထားတတ်တာမို့ အခုလည်း သူ့ကိုမြင်သည့်အခိုက် မသိချင်ယောင်ဆောင် အပေါ်သို့ တက်လာခဲ့သည်။

အရက်တွေ ဝင်လာတာမို့ လူက မူးမိုက်မိုက်နှင့်။

ယိုင်ထိုးနေသည့် ခြေလှမ်းများဖြင့် ကျွန်တော်နေသည့် အခန်းဘက်သို့ ဦးတည်လိုက်သည်။

အခန်းတံခါးဖွင့်ကာ ဝင်လာပြီး တံခါးကိုပြန်ပိတ်ရန်ပြင်တော့ ဆွဲထားလာသည့် သူ။ အရေးမလုပ်တော့ဘဲ တံခါးကိုလွှတ်လိုက်ကာ အခန်းထဲသို့ ဝင်လိုက်တော့ နောက်ကနေတံခါးကို သူကပိတ်လိုက်သည်။

"Taehyung..."

တုံ့ပြန်သံမပေးပင်မဲ့ ကျွန်တော်ကြားမှန်းသူသိသည်။ ဝတ်ထားသည့် အပေါ်ထပ်ကိုချွတ်ကာ ကုတင်ပေါ်ကို တင်လိုက်ပြီး ဗီရိုထဲက ညအိပ်တစ်စုံကို ထုတ်လိုက်သည်။

ထို့နောက် ကျွန်တော့်အနားရောက်လာသည့် သူ့ရဲ့ခြေလှမ်းတွေ။ ယိုင်နဲ့နေသည့် ခြေလှမ်းတွေက နောက်ဆုတ်လိုက်တော့ သူက ကျွန်တော့်လက်မောင်းကို ကိုင်ကာ လဲကျမလိုဖြစ်သွားသည့် ကျွန်တော့်ကိုထိန်းကိုင်လာပေးသည်။

"လွှတ်လိုက်..."

ကျွန်တော်က ရုန်းကန်နေပင်မဲ့ သူက လွှတ်မပေးလာဘဲ ကျွန်တော့်လက်မောင်းကို တင်းကျပ်စွာတောင် ထိန်းကိုင်လာသည်။

"ကိုယ်မင်းနဲ့ပြောစရာရှိတယ်"

"ကျွန်တော်ကတော့ ခင်ဗျားနဲ့ပြောစရာစကားမရှိဘူး"

Wedding RingWhere stories live. Discover now