Unicode
တစ်အိမ်လုံးမဲမှောင်နေလျက်ပင်။ Jeon Narbi ရဲ့ စျာပနာကို Jungkook က မည်သူ့ကိုမှ မဖိတ်ဘဲ ဒီတိုင်း တိတ်တဆိတ်သာ လုပ်ပစ်ခဲ့သည်။
အုံ့မှိုင်းနေသည့်မိုးတိမ်တွေကြား Jungkook က ပြန်လာကတည်းက အင်္ကျီအနက်ရောင်ကိုပင် မလဲသေးဘဲ ဆေးလိပ်သောက်နေခဲ့တာ သိပ်ကြာနေပြီ။ ငေးကြည့်နေရင်းမှ အိမ်ထဲသို့ ပြန်ဝင်သွားလိုက်ပြီး အလုပ်သမားကောင်မလေးတစ်ယောက်ကို Jungkook အတွက် ဆန်ပြုတ်လုပ်ခိုင်းလိုက်သည်။
အနည်းဆုံးတော့မနေနိုင်သည့် သူကဘဲ မုန်းလျက်နဲ့ ပြုစုပေးဖို့ ထပ်ဖြစ်လာခဲ့သည်။ ငြိုငြင်မှုမရှိဘဲ စိတ်ရင်းအမှန်ဖြင့်သာ။
"လုပ်စရာမရှိတော့ရင် မင်းတို့လည်း နားတော့ပါ...ညစာကိုယ့်ဘာသာကိုဘဲ အဆင်ပြေသလိုလုပ်လိုက်မယ်"
အငွေ့တစ်ထောင်းထောင်းထွက်နေသည့် ဆန်ပြုတ်ပန်းကန်ကို ကြည့်လိုက်ရင်း အသီးသီးထွက်သွားကြသည့် အလုပ်သမားတွေကို လျစ်လျူရှုလိုက်သည်။
ထို့နောက် ဝင်လာသည့် Jungkook ကြောင့် သူ့ရဲ့အကြည့်တွေက Jungkook ထံလွှင့်မျောသွားသည်။
"ခင်ဗျားအတွက်...စားပြီးရင် ဆေးသောက်ပြီး အနားယူလိုက်ပါ...ဒီရက်ပိုင်းပင်ပန်းနေတယ်မလား"
ပြောပြီးသည်နှင့် လှည့်ထွက်သွားရန်ပြင်တော့ ထွက်ပေါ်လာသည့် Jungkook အသံကြောင့် ခြေလှမ်းတွေက ထပ်မံရပ်တန့်သွားကာ ရပ်နေသည့် Jungkook ကိုပြန်ကြည့်လိုက်ပေသည်။
"မင်း...မင်းကကော"
"ကျွန်တော်မဆာသေးဘူး...ဆာတော့ အဆင်ပြေတာ လုပ်စားလိုက်မယ်"
"ကိုယ့်လုပ်ပေးရမလား"
"မလိုဘူး..."
အိမ်ပေါ်သို့ ပြန်တက်လာပြီး တံခါးကိုပိတ်ကာ ကုတင်ပေါ်တွင် လဲအိပ်ချလိုက်သည်။ အနေနီးတာတော့မဟုတ်ပင်မဲ့ ဒီရက်ပိုင်း Jungkook နဲ့သူ လုံးဝရန်မဖြစ်တော့တာ။ ကျေအေးလိုက်တာတော့မဟုတ်ပင်မဲ့ Jungkook အခြေအနေ ပြန်တည်ငြိမ်တာနဲ့ ကွာရှင်းဖို့တောင်းခံဖို့ ဆုံးဖြတ်ပြီးသွားပြီ။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe