Part 17

7.6K 587 37
                                    

Unicode

အရင်တုံးကတည်းက Taehyung ကပွေရူပ်တတ်သည့် စိတ်လေးတော့ရှိသည်။ လက်မထပ်ချင်ဘဲ တစ်ယောက်ပြီးတစ်ယောက်ကို အပျင်းပြေတွဲချင်တာမျိုး။ တစ်ပတ်လောက်နေလို့ ရိုးအီသွားရင် ဘယ်လိုအကြောင်းပြချက်မှမပေးဘဲ တစ်ဖက်က ကောင်းလေးဖြစ်စေ ကောင်မလေးဖြစ်စေ သူ့ဘက်ကနေဘဲ စပြီး ပြတ်စဲတတ်သည်။

အကြောင်းပြချက်သည် သူတွဲရတာ ပျင်းလာလို့။ အလုပ်သမားတွေသည်လည်း အများကြီးရှိတာမို့ အရင်လိုကလေးအတွက်တော့ သူဟာ သိပ်မလိုအပ်တော့သလို သိပ်လည်း စိတ်မပူမိတော့ပေ။

သို့ပင်မဲ့ စိတ်အတွင်းထဲ၌ ပွေရူပ်ချင်လွန်းသည့်စိတ်ထက် Jungkook ကို ရွဲ့ချင်စိတ်က ပိုနေသည်မို့ Taehyung ၏ မျက်ဝန်းတွေဟာ သိပ်ကို ခန့်မှန်းရခက်နေတတ်သည်။

နေ့လည်အချိန်ရောက်သည်နှင့် ကလေးအိပ်နေသည့်အချိန်တွင် Taehyung အပြင်သွားရန် ပြင်ဆင်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာတော့ ရုံးမှတစ်ဖြတ်ပြန်လာသည့် Jungkook နဲ့ထိပ်တိုက်ဆုံသည်။

သူနဲ့ နှစ်ယောက် အတူတူရေချိုးခန်းထဲတွင် ရှက်စရာအပြုအမူလေးတွေကြောင့် နှစ်ယောက်သား မျက်နှာချင်းဆိုင်ဖြစ်ရင် Jungkook ဘက်ကတော့ဘာမှမဖြစ်တတ်ပင်မဲ့ သူ့အနေနဲ့ကတော့ သိပ်ကိုရှက်နေတတ်ပြီး မျက်နှာလေးနဲ့နားရွက်လေးတွေက မသိမသာ နီရဲနေတတ်ပေသည်။

"ဘယ်သွားမို့လဲ"

"ဒယ်ဒီ့စီခနဝင်ပြီး သူငယ်ချင်းတွေနဲ့ တွေ့မလို့။"

"ကိုယ်လိုက်ပို့ပေးမယ်"

"ကျွန်တော်ကလေးမဟုတ်ဘူး။ ကျွန်တော့်ကားနဲ့ ကျွန်တော်သွားနိုင်တယ်။ နေရာတကာ ကျွန်တော့်ကိစ္စတွေမှာ ဝင်မပါ'ပါနဲ့။ ကျွန်တော်မကြိုက်ဘူး။ ခင်ဗျားစိတ်ကြိုက် ကျွန်တော်နေပေးနေတာဘဲ။ ကျေနပ်တော့ပေါ့။"

"ကိုယ်က မင်းကိုစိတ်မချလို့ပါ"

"ကျွန်တော့်သူငယ်ချင်းတွေရှေ့လည်း ခင်ဗျားကို ခေါ်ချင်စိတ်မရှိဘူး။ အိမ်ထောင်ရှိဖူးတဲ့သူကို လက်ထပ်ထားရတာဆိုတော့ လူတောတိုးရမှာ သိပ်ရှက်တယ်။"

Wedding RingWhere stories live. Discover now