Unicode
"ကျွန်တော်အပြင်သွားချင်တယ်"
"သမီးကော"
"အိပ်နေပြီ။ သမီးမွေးကတည်းက ကျွန်တော့်လွတ်လပ်ခွင့်တွေကို ကျွန်တော်လျစ်လျူရှုခဲ့ပင်မဲ့ ကျွန်တော်အရင်လို ပြန်နေချင်တယ် Jungkook"
"အရင်လိုဆိုတာ ဘယ်လိုအနေအထားကို ပြောတာလဲ Taehyung။ မင်းက ကလေးတစ်ယောက်အဖေနော်"
"ခင်ဗျားကလေးပါ။ ကျွန်တော်မွေးထားတာမဟုတ်ဘူး။ အပိုအလိုတွေ မပြောဘဲ နေလို့ရမလား။ ကျွန်တော်မကြိုက်ဘူး။"
အလုပ်ခန်းတံခါးကို ဝင်လာကတည်းက ပိတ်ခဲ့သည်မို့ Taehyung နဲ့ Jungkook ပြောလာမည့်စကားတွေကိုလည်း အပြင်က အလုပ်သမားတွေ ကြားရမှာကို စိတ်မပူရပင်မဲ့ သူတို့နှစ်ယောက် ရန်တော့မဖြစ်ချင်ပါ။
"ကျွန်တော်သမီးလေးရှိကတည်းက ကျွန်တော့်ပုံအပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒယ်ဒီနဲ့လည်း ခနခနမတွေ့ရတော့တာ ကြာပြီမို့လည်းဖြစ်သလို ကျွန်တော့်အပေါင်းအသင်းတွေနဲ့ မတွေ့ဖြစ်တော့တာလဲ ခင်ဗျားနဲ့လက်ထပ်ပြီးကတည်းက"
"အဲ့တော မင်းက ဘာဖြစ်ချင်တာလဲ Taehyung"
Jungkook ရဲ့ အသံက မာလည်းမမာသလို ပျော့လည်းမပျော့နေဘဲ အနည်းငယ်တော့ ခပ်တင်းတင်းဖြစ်နေလေသည်။
"ကျွန်တော် အရင်တုံးကလို နေချင်တယ်။ သမီးလေးအပေါ်လည်း တာဝန်မပျက်စေရဘူး။"
"ကိုယ်လက်မခံဘူးဆိုရင်ကော မင်းဘာလုပ်မလဲ"
"ဒါခင်ဗျား စိတ်က သဘောထားသေးသိမ်တာဘဲ။ လူတစ်ယောက်ကို လက်ထပ်ထားတာနဲ့ဘဲ သူ့ရဲ့လွတ်လပ်ခွင့်တွေကို ပိတ်ပင်ထားလို့မရသလို ကလေးတစ်ယောက်နဲ့လည်း သူ့ကို ခြေချုပ်ချထားလို့မရဘူး။"
စကားသံတွေဟာ တည်ငြိမ်နေကြပင်မဲ့ နှစ်ယောက်ထံမှာတော့ ဒေါသလေးတွေ ကိန်းအောင်းနေကြတာ သိပ်ကိုသိသာလေသည်။
"ကောင်းပြီ။ မင်းလုပ်ချင်တာလုပ်ပါ။ ဒါပေမဲ့ လုံးဝကြီး ကိုယ်ခွင့်ပြုတာမဟုတ်ဘူး။ ညဘက်အပြင်ထွက်ရင်လည်း 11နာရီနောက်ဆုံးအချိန်ထားပြီး ပြန်လာခဲ့ပါ။ ကိုယ်ခွင့်ပြုပေးတာ အားနာလို့မဟုတ်ဘူးနော်။ မင်းကိုချစ်လို့"
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe