Part 18

8.1K 575 67
                                    

Unicode

အိမ်သို့ အမြန်မောင်းစေခဲ့ပြီး Taehyung ကိုပွေ့ချီကာ လွှတ်နေသည့်အခန်းတစ်ခန်းထဲသို့သာ ပွေ့ချီလျက်ဝင်သွားလေသည်။ မူးနေလျက် အိပ်နေကျအခန်းစီခေါ်သွားရင် ကလေးလည်း နှိုးလာနိုင်သလိုမို့ကြောင့် အမူးသမားလေးကို တခြားအခန်းသို့သာ ခေါ်စေခဲ့သည်။

ရေချိုးခန်းထဲသို့ ဦးတည်စေခဲ့ပြီး အရင်ဆုံးအနည်းငယ်အမူးပြေစေရန် အန်စေသည်။ ကျောလေးကို ခပ်ဖွဖွပုတ်ပေးကာ ဘေးနားကနေ စောင့်ပေးနေရင်းဖြင့်။

"သက်သာသွားပြီလား..."

"အင်းးး...ရေချိုးချင်တယ်"

"ခြေလက်ဘဲ သန့်စင်ရအောင်။မဟုတ်ရင်ဖျားလိမ့်မယ်"

"ထွက်သွား...ရေချိုးမို့"

"ကိုယ်ပြောတာ နားထောင်စမ်းပါ"

"သွားလို့။"

Taehyung စကားအဆုံး မသွားသေးဘဲ Jungkook သည်လည်း ပေတေစွာရပ်ကြည့်နေခဲ့သည်။ ယိုင်တိုင်နေသည့် ခန္ဓာကိုယ်လေးဟာ နံရံကို တစ်ချက်မှီလာပြီး အမူးရှိန်ကျန်နေသေးသည်မို့ ရီဝေဝေမျက်ဝန်းလေးက ပျောက်မသွားဘဲ Jungkook ကို ပြန်ကြည့်လာသည်။ 

"မသွားတာ အတူတူချိုးမလို့လား"

"ကိုယ်က မင်းကိုမချိုးစေချင်တာ ဖျားမှာဆိုးလို့။"

"အဲ့ဆို အတူတူမချိုးချင်ဘူးပေါ့"

"မူးနေရင်လည်း အိပ်ရအောင် Taehyung။ ချိုးချင်တယ်ဆို မြန်မြန်ချိုးလိုက်ပါ"

တစ်ခွန်းတည်းသာ ပြောပြီး Jungkook ကထွက်သွားရန်ပြင်တော့ တင်ထားသည့် ဆပ်ပြာဗူးကို ယူကာ ကျောပြင်ကို လှမ်းပေါက်ပစ်လိုက်သည်။

ထို့နောက် Jungkook ကပြန်လှည့်လာတော့

"ထွက်သွားရဲ ထွက်သွားကြည့် ကျွန်တော်မလုပ်ရဲဘူးမထင်နဲ့"

"ဘာဖြစ်နေတာလဲ မင်းရေချိုးဖို့အတွက် ကိုယ်အပြင်ထွက်ပေးတာလေ။ ဘာလို့စိတ်တိုင်းမကျဖြစ်နေတာလဲ"

"ရပ်ကြည့်နေ။ ကျွန်တော်ရေချိုးတာကို စောင့်ပေး"

"မရစ်နဲ့။ နောက်ကျနေပြီလေ။"

Wedding RingWhere stories live. Discover now