Unicode
တမင်တကာ Jungkook မရှိသည့်အချိန်တွင် အိမ်ကနေ လစ်ထွက်လာတာဖြစ်ပေသည်။ မသွားဖြစ်တာကြာပြီဖြစ်သည့် ဒယ်ဒီ့အိမ်ကို ခြေချမိသည့်အခိုက် အနည်းငယ်စိတ်ပေါ့သွားသယောင် ခံစားမိလိုက်သည်။
ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ။ ဒယ်ဒီဟာ သိပ်အလုပ်များသည့်သူမို့ ဖုန်းဆက်ရင်တောင် မကိုင်တာများသည်။ အဲ့တာမို့ကြောင့် လက်ထပ်ပွဲပြီးကတည်းက မတွေ့ဖြစ်ခဲ့သလို ဒယ်ဒီနဲ့ ကျွန်တော် စကားတောင်မပြောဖြစ်ခဲ့ကြတာ။စိတ်ဆိုးနေမိတာလည်း ပါတယ်ပေါ့။
အိမ်ထဲကို ဝင်လာတော့ ဒယ်ဒီ့လူတွေက အံ့ဩသလို ကြည့်လာမှုကြောင့် မျက်စောင်းထိုးခဲ့မိသေးသည်။ ထိုင်နေသည့် ဒယ်ဒီ့အနား မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့ အလုပ်လုပ်နေသည့် ဒယ်ဒီ့က အကြောင်းမကြားရောက်လာမှုကြောင့် ကျွန်တော့်ကို အံ့ဩသလို ထပ်ကြည့်လာပြန်သည်။
"ဘယ်လိုတောင်...လာအုံးတော့ ဒယ်ဒီ့ကို ဖုန်းဆက်ပါအုံး"
"ဖုန်းဆက်တော့ကော ကိုင်လို့လား...အလုပ်တွေကြားထဲ ခေါင်းစိုက်နေတာမဟုတ်ဘူးလား"
"အခု လာတာကော သားရဲ့ အမျိုးသား သိရဲ့လား"
"ဘာလို့ အဲ့လူအကြောင်းက ပါလာတာလဲ...မဟုတ်မှ ဒယ်ဒီ ကျွန်တော့်ကို သတိမရ မေ့နေတာလား...ဒယ်ဒီသိပါတယ်နော်...ဒီလက်ထပ်မှုမှာ ကျွန်တော့်အလိုတူပါခဲ့တာမဟုတ်ဘူး"
ဒယ်ဒီက သက်ပြင်းချလျက် အလုပ်လုပ်နေသည့် Laptop ကို ပိတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
"ပြီးခဲ့တာလည်း ပြီးပြီ...ငါ့သားက အကောင်းဆုံးလုပ်ပေးလို့မရဘူးလား"
"ပြီးခဲ့တာလား...ဖြစ်သမျှ အကြောင်းအရာတွေထဲမှာ ကျွန်တော့်ဆန္ဒတစ်ခုလေးတောင်မပါခဲ့ဘူး...သူအိမ်ထောင်ရှိတာလည်း ဒယ်ဒီသိတယ်...ဒါကို ကျွန်တော့်အပေါ် နှစ်ယောက်ပေါင်းပြီး လုပ်ရက်ခဲ့တာလေ..."
"ဒယ်ဒီ သားကို တောင်းပန်ပါတယ်...ဒယ်ဒီလိမ်ခဲ့မိတဲ့အတွက်"
ကျလက်စ မျက်ရည်တွေကို ဖိသုတ်လိုက်ပြီး ဒယ်ဒီ့ကို ပြန်ကြည့်လိုက်သည်။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe