Part 10

7.3K 539 13
                                    

Unicode

ညဉ့်နှက်တော့ အဖျားရှိန်ကတက်လာပြီး ဆိုဖာပေါ်မှာ အလုပ်လုပ်နေသည့် Jungkook သည် ငြီးသံသဲ့သဲ့လေးကြောင့် မျက်မှောင်ကြုတ်ကာ ကုတင်ပေါ်သို့ စိုးရိမ်တကြီး လှမ်းကြည့်မိသည်။

Laptop ကို ဘေးနားတွင် ချလိုက်ကာ ကုတင်ထက်က Taehyung အနားကို သွားလိုက်ပြီး နဖူးပေါ် လက်တင်လိုက်တော့ မီးလိုမျိုး ပူခြစ်နေခဲ့သည်။

"Taehyung...ကလေးလေး"

ခေါ်နေပင်မဲ့ ငြီးသံသာ ပြန်လာပြီး နှိုးနေခဲ့တာမဟုတ်ဘူး။ ပူခြစ်နေသည့် ခန္ဓာကိုယ်ကြောင့် စိုးရိမ်စိတ်က မြင့်တက်လာပြီး ရေချိုးခန်းထဲကို ပြေးဝင်ကာ ရေပတ်တိုက်ပေးရန် ကြိုးပမ်းတော့သည်။

ရေချိုးခန်းထဲကနေ ပြန်ထွက်လာကာ ဖန်ဇလုံလေးကို ကုတင်ဘေးက စားပွဲပေါ်တွင် တင်လိုက်ပြီး တုန်ရီနေကာ အဖျားတက်နေသည့် Taehyung အနားသို့ တိုးကပ်လိုက်သည်။

ဝတ်ထားသည့် အင်္ကျီလေးကို လက်လှမ်းမိချိန် လက်ကတည်ငြိမ်နေပင်မဲ့ စိတ်အစဉ်ကတော့ တုန်ရီနေခဲ့တာ ကျွန်တော့်ကို ကျွန်တော်ဘဲသိတယ်။

ဝတ်ထားသည့် အင်္ကျီလေးကိုချွတ်လိုက်သည့်အခိုက် ညိုဝင်းဝင်း ရင်ဘတ်သေးသေးလေးနဲ့အတူ ခါးသွယ်သွယ်လေးက ကျွန်တော့်မျက်ဝန်းထဲတွင် နေရာယူလာသည်။

ဇလုံထဲက အဝတ်အဖြူလေးကို ရေညစ်လိုက်ကာ နှဖူးအပေါ် အရင်တင်ပေးလိုက်ပြီး တစ်ဖြည်းဖြည်းရေပတ်စတိုက်ဖို့ ပြင်သည်။

အပူရှိန်ဟပ်နေသည့် လည်ပင်းလေးကို နူးနူးညံ့ညံ့ ဆင်းသက်ကာ လက်လေးကို နူးညံ့စွာ ကိုင်ရင်း အဝတ်လေးကို ခန္ဓာကိုယ်အပေါ်တွင် လှုပ်ရှားစေသည်။

ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေပတ်တိုက်ပြီးသည်နှင့် အဝတ်လေးကို နဖူးပေါ်တွင် တင်ထားစေကာ အပူကို စုပ်ယူစေပြီး နောက်ထပ်အဝတ်အစားတစ်စုံလဲပေးရန် လုပ်တော့သည်။ 

ဗီရိုထဲကနေ သူနဲ့ကိုက်သည့် ကျွန်တော့်အဝတ်အစား ပွယောင်ယောင်ဖြစ်စေမည့် တစ်စုံကို ထုတ်လိုက်ကာ Taehyung ကို ဖြေးဖြေးလေး လဲပေးလိုက်ပြီး ချွေးထွက်စေရန်နှင့် ချမ်းမှာဆိုး၍ စောင်ကို ထပ်ခြုံပေးလိုက်သည်။

Wedding RingWhere stories live. Discover now