Unicode
အလုပ်သမားလေးလိုက်ပို့သည့် အခန်းရှေ့ရောက်တော့ ကျွန်တော့်ခြေထောက်တွေ လေးကန်စွာ ရပ်တန့်မိတော့သည်။ သက်ပြင်းမော တစ်ချက်ရှိုက်လျက် တံခါးကိုလှည့်ဖွင့်ကာဖြင့် အခန်းထဲဝင်လိုက်မိသည်။
ကုတင်ဖြူလွှလွှအထက်မှာ နှင်းဆီအနီတွေက နေရာယူထားသည်။ စိတ်ရူပ်မှုနဲ့အတူ မျက်မှောင်ကြုတ်မိလျက်နှင့်။
ယူကြုံးမရသည့်စိတ်။ ခံပြင်းသည့် စိတ်ကြောင့် မျက်ရည်စက်တွေက ကျွန်တော့်ပါးပြင်ထက်သို့ နေရာယူလာတော့သည်။
ထိုအခိုက် ကျွန်တော့်အမြင်မှာ နှင်းဆီတွေ ခြုံလွှမ်းနေသည့် အိပ်ရာသည်ကို ပိုဒေါသထွက်မိလာတော့ပေသည်။
ကုတင်ပေါ်ထက်က မျက်ရည်စက်တွေက ထိုအိပ်ရာထက်ကို ခစားစေတော့ပြီး နှင်းဆီဖက်လေးတွေကို ကောက်ယူကာ တစ်ဖက်သို့ ကျွန်တော်လွှင့်ပစ်သည်။
ကြေမွသွားသည့် အိပ်ရာခင်းထက်က ကျွန်တော့်စိတ်အစဉ်ကို မှီပါ့မလား။
နှင်းဆီပွင့်ဖက်လေးတွေက အခန်းထဲ၌ ပြန့်ကြဲကုန်ပြီး အငိုရှိုက်သံလေးကလည်း မသိမသာ ထွက်ပေါ်လာခဲ့တော့ပေသည်။
အခန်းတံခါးကို တွန်းဝင်လာသည့် ပုံရိပ်ကြောင့် ကျွန်တော့်လက်ထဲကခေါင်းအုံးသည်လည်း သူ့စီသို့ တိုက်ရိုက်ရောက်လာသည်။
တိုက်ရိုက်ဖမ်းလိုက်မှုကြောင့် ခေါင်းအုံးက သူ့လက်ထဲတွင်ဘဲ နေရာပြန်ယူသွားတော့သည်။
"Taehyung..."
"ထွက်သွား"
"ကလေး...ကိုယ်တို့စကားအေးဆေးပြောရအောင်နော်...မင်းသိချင်တာတွေ ကိုယ်ရှင်းပြပါ့မယ်"
"ခင်ဗျားကို မယုံဘူး...လိမ်တတ်တဲ့သူက နောက်ထပ်လိမ်ဖို့ဝန်မလေးဘူး...ထွက်သွားနော်"
ကျွန်တော်ငိုနေမှန်းသိတော့ သူက တစ်ဖြည်းဖြည်း ကျွန်တော့်အနားသို့ တိုးကပ်လာသည်။
ရင်ထဲကို အဆိပ်တွေလောင်းနေသလို ကျွန်တော်ခံစားနေရတာ။
"စိတ်လျော့လိုက်နော်...မောနေမှာပေါ့"
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe