Unicode
တိတ်ဆိတ်နေသည့် အခန်းထဲဝယ် Jungkook ခြေချလိုက်ပင်မဲ့ မှောင်မဲနေတာကပါ ကြိုဆိုနေပြန်သည်။ မီးကို ဖွင့်လိုက်တော့ အိပ်ထားခြင်းမရှိသည့် အိပ်ရာကြောင့် ကျွန်တော် မျက်မှောင်ကြုတ်မိလျက်သား။
မျက်ခုံးတစ်ဖက်ကို လက်ညိုးနဲ့ပွတ်ဆွဲလိုက်ကာ စိတ်ကို လျော့ပစ်လျက်နှင့်။ ဝရံတာဘက်ကို ထွက်လိုက်တော့ ထိုင်နေသည့် အဖြူရောင်ပုံရိပ်လေးကို မြင်လိုက်ရသည့်အခိုက် စုကြုတ်ထားသည့် မျက်ခုံးက ပြေလျော့သွားသည်။
မျက်ဝန်းစိမ်းစိမ်းလေးတွေက ကျွန်တော့်ကို ငေးကြည့်လာသည့်အခိုက် ရင်ဘတ်ထဲ ထိတ်ခနဲခံစားချက်နဲ့။
ဟုတ်သားဘဲ...Jeon Taehyung မှာက အစိမ်းရောင်မျက်ဝန်းတွေရှိနေတာ။
အနားသို့ တိုးကပ်ဖို့ ကြိုးစားလိုက်တော့ မျက်နှာကို တစ်ဖက်သို့ လွှဲသွားသည်။
"အိပ်ရအောင် ညဉ့်နှက်နေပြီ"
"အိပ်ချင်ရင် ကိုယ့်ဘာသာကိုအိပ်ပါ...ကျွန်တော်ဆေးလိပ်သောက်အုံးမှာ"
ဆေးလိပ်...မဟုတ်မှ...ရွဲ့နေတာပေါ့။
ပြန်ကြည့်လိုက်တော့ ဆေးလိပ်တောင် မီးညှိပြီးလို့ ရှိုက်ဖို့တောင် ကြိုးစားနေလေပြီ။ နှုတ်ခမ်းဝက ဆေးလိပ်ကို ဆွဲယူလိုက်သည်။
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ...ကျွန်တော့်ကို တစ်ယောက်တည်း လွှတ်ပေးထားစမ်းပါ"
"ဆေးလိပ်ကြိုက်တယ်ပေါ့"
"ကြိုက်တာထက် ဒီတိုင်းသုံးတာ...ပြန်ပေး...ပြီးရင် ကိုယ့်ဘာသာကိုနေပါ..."
Taehyung ဆေးလိပ်ကို ယူဖို့ လက်လှမ်းလာသည့်အလျောက် ကျွန်တော်သည်လည်း ဆေးလိပ်ကို နှုတ်ခမ်းဝတွင် တေ့ကာ ရှိုက်ပြလိုက်တော့ လက်လေးက နောက်ဆုတ်သွားပြီး မျက်မှောင်ကြုတ်ကာဖြင့် မကျေနပ်သလို ကြည့်လာပေသည်။
နောက်တစ်ရှိုက် ဖွာလိုက်ကာ ဆေးလိပ်ငွေ့တွေကို Taehyung ရဲ့ မျက်နှာထက်ကို မှုတ်ထုတ်ပစ်လိုက်တော့ စိတ်ဆိုးသွားသည်ထင်ပါ့ ပုခုံးစွန်းကို တိုက်ကာ အခန်းထဲပြန်ဝင်ရန်ပြင်တော့ ခါးကနေ ဆွဲကာ ရင်ဘတ်ချင်းကပ်ပစ်လိုက်သည်။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe