Unicode
ပိုးသတ်ထားသည့် ကလေးအဝတ်တွေခေါက်နေရင်းမှ Taehyung ပြုံးနေမိသည်။ ကလေးက ကြီးလာပြီမို့ သူနာပြုကို ကလေးငါးလကတည်းက မငှားတော့ဘဲ Taehyung ကို ရင်တစ်ငွေ့ငွေ့နဲ့ စောင့်ရှောက်လာတာဖြစ်သည်။
"ပါး..."
"အင်း..ပါးသမီးလေးက နှိုးပြီလား"
တစ်နှစ်အရွယ်ရောက်လာသည့် သမီးလေးက စကားကိုပီအောင် မပြောတတ်ပင်မဲ့ 'ပါး'ဆိုသည့် စကားလုံးကိုတော့ သိပ်ပီအောင် ပြောတတ်သည်။
"အင့်...အင့်"
လက်လေးနှစ်ဖက်ကို မြှောက်ပြလာကာ သူ့ကိုချီခိုင်းတော့ ပြုံးရယ်လျက် ခေါက်လက်စအဝတ်တွေကို ချခဲ့ကာ ကုတင်ထက်က သမီးလေးကို ပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးကို မွှေးကြူပစ်လိုက်သည်။
"ဗိုက်ဆာပြီလား..."
"ပါး..."
"ပြောပါ...ပြောပါ...ပါးသမီးလေးက ဘာလိုချင်လို့လဲ"
"ဟင့်...အင်း"
ငိုမဲ့မဲ့လေးဖြင့် ခေါင်းယမ်းပြကာ Taehyung ရဲ့ ပုခုံးထက်တွင် မှီအိပ်လာသည်။ ထိုအပြုအမူကြောင့် ကလေးမမြင်အောင် Taehyung မှာ ဆက်ခနဲရယ်လိုက်မိသည်။
အိပ်ရာထခါစမို့ စိတ်မကြည်ဖြစ်နေတာမို့ ကျောလေးကိုပုတ်ပေးလိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့ပြီး ထမင်းကျွေးရန် အလုပ်သမားလေးတွေအား အမူအရာဖြင့် ပြင်ဆင်ခိုင်းလိုက်သည်။
"ကဲ...ပါးရဲ့ ချစ်သူကလေးက စိတ်ဆိုးနေရင်တောင်ထမင်းစားရမယ်နော်...မဟုတ်ရင် ပါးက ပြန်ပြီးစိတ်ဆိုးမှာ"
ထမင်းစားစားပွဲတွင် ကလေးနဲ့အတူ ဝင်ထိုင်ကာ စိတ်မကြည်သည့် ကလေးကို ချော့တစ်လှည့် ခြောက်တစ်လှည့်ပြောရင်း ထမင်းကျွေးဖို့ လုပ်ငန်းစတင်တော့သည်။
"ပါး...ဟင့်...ဒယ်...ဒီ"
မနေ့ညကလည်း ညဉ့်နှက်မှ ပြန်ရောက်သည့် Jungkook ကြောင့် သမီးလေးက သူ့ဒယ်ဒီနဲ့ မတွေ့ရသလို မနက်ကျတော့လည်းအစောကြီးထွက်သွားသည့် Jungkook ကြောင့် Sofia လေးက တစ်နေ့လုံး သူ့ဒယ်ဒီနဲ့မတွေ့ရတာမို့ ဂျီချင်နေတာဖြစ်သည်ဆိုတာ Taehyung သိလိုက်ပေသည်။
YOU ARE READING
Wedding Ring
Fanfictionမထင်မှတ်ထားတဲ့ ပတ်သတ်မှုတစ်ခုမှာ တကယ်ချစ်မိသွားခဲ့တဲ့အချိန် Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe