Chapter 6

2.7K 212 25
                                    

(Unicode)

မနက်ဖြန် ဖိုးဖိုးရှိတဲ့ ကယ်လီဖိုးနီးယားကို ကျောင်းသွားတက်ရတော့မှာမို့ ထယ့်စိတ်လေးတွေ ခုန်လှုပ်နေမိသည်...။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်စကိုမြို့မှာရှိတဲ့ အနုပညာကျောင်းမှာ ကျောင်းတက်ခွင့်ကို ထယ် ကံကောင်းစွာဖြင့်ရရှိခဲ့သည်...။ ထယ်က မေမေ့လုပ်ငန်းတွေကို စိတ်ဝင်စားသည်မို့ Design & Jewel major ကိုယူခဲ့ပါသည်...။

တစ်ပတ်အတွင်း မေမေကိုယ်တိုင်စီစဉ်မှုမှာ ဖိုးဖိုး‌ရော ဖေဖေပါ အံ့အားသင့်လျှက်...။ ထယ်ကတော့ ဖြစ်သမျှအကြောင်းကို စိတ်ထဲကထုတ်ပစ်လိုက်တာ ထိုနေ့ညအပြီးထဲက ဖြစ်သည်...။

မနက်ဖြန် overseas ထွက်ရတော့မှာဖြစ်တဲ့အတွက် ဒီနေ့ထဲက ထယ့်အသုံးအဆောင်နဲ့ လိုအပ်တာလေးတွေထည့်သွားဖို့ မနက်ထဲကပြင်ဆင်နေခဲ့တာဖြစ်၏...။ ထယ့်မှာက သူငယ်ချင်းရယ်လို့ များများစားစားမရှိတဲ့အတွက် တကူးတကပွဲစီစဉ်ပြီး နှုတ်ဆက်စရာလည်းမလို...။

တကယ်တမ်း ခွဲရမယ့်အချိန်ရောက်လာတော့ ဒီအိမ်၊ ‌ဒီနေရာ၊ ဒီအခန်းလေးနဲ့ မခွဲခွာချင်တဲ့စိတ်က ကြီးစိုးလို့လာ၏...။ ဖေဖေ၊ မေမေတို့နဲ့အတူ ထယ့်ငယ်ဘဝလေးကို ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေ အများကြီးရှိတဲ့အိမ်...။

ပြီးတော့ တစ်ယောက်သောသူနဲ့အတူ လပြည့်ညကို လသာဆောင်မှာ ကြည့်ဖြစ်ခဲ့ကြတဲ့အမှတ်တရတွေ...။ အကြာကြီး ခွဲနေရတော့မှာမို့ ထယ်အခုတည်းက အမှတ်တရလေးတွေကို ကြိုလွမ်းမိနေသည်...။ ရင်ထဲမှာတစ်ခုခုကို လက်လွှတ်ရတော့မယ့် ခံစားချက်လို ဟာတာတာဖြင့်...။

Luggage ထဲကို ထယ့်အကြိုက်ဆုံးဖြစ်တဲ့ အဝတ်အစားတချို့နဲ့  ထယ့်အကြိုက် စာအုပ်အချို့အား စီကာထည့်နေခိုက် အခန်းတံခါးကို လာထုရိုက်သံကြောင့် လုပ်လက်စအမှုအား ခေတ္တရပ်ကာ အခန်းတံခါးအား သွားတွန်းဖွင့်လိုက်လျှင်...

"မင်း !"

အမှတ်တမဲ့ ဖြစ်သွားတဲ့အခိုက် ကိုယ့်အခန်းထဲ ဇွတ်ဝင်လာကာ အခန်းတံခါးကိုပါ lock ချလိုက်တဲ့သူကြောင့် ထယ့်မှာ ဘာစကားမှ ပြန်မပြောနိုင်တဲ့အထိ ကြောင်အ,နေမိလျှင် သူကထယ့်ရှေ့သို့ တဖြည်းဖြည်းတိုးကပ်လို့လာ၏...။

Bad Blood (Completed)Where stories live. Discover now