Chapter 13

2.8K 206 37
                                    

(Unicode)

"Bam ကထွက်သွားပြီ !"

ဆယ့်ငါးမိနစ်လောက်အထိ အဲ့ဒီအတိုင်း မလှုပ်မယှက်ကြီးရပ်နေ၏...။ ကိုယ့်ခြေထောက်ပေါ် သူ့ဖိနပ်နဲ့တက်နင်းထားတာကို သိပုံလဲမရ...။

နှစ်ကိုယ်ကြားဖြစ်နေတာကြောင့် သူ့ဆီကနေထွက်လာတဲ့ အသက်ရှူသံခပ်ပြင်းပြင်းကိုပါ ကြားနေရသည်...။ တကယ်ကြီး ကြောက်နေသည့်အတိုင်း  တစ်ကိုယ်လုံးကို တုန်နေတော့တာ...။

"ဟေ့... ခင်ဗျား ကြားရဲ့လား"

ပခုံးနှစ်ဖက်ကိုဆွဲကိုင်ကာ လှုပ်ခါလိုက်တော့ သူ့မျက်ဝန်းတွေက ကိုယ့်ဆီတည့်တည့်မတ်မတ်နဲ့ ရွေ့လာသည်...။ ရုတ်တရက်မို့ထင်သည် သူကလဲကိုယ့်ကို ပြန်ငေးကြည့်နေမိလျှင် အကြည့်ချင်းခေတ္တဆုံသွားခိုက် ကမ္ဘာဟာ ပြောင်းပြန်လည်သွားသည့်အတိုင်း...။

ကင်မ်ထယ်ယောင်းက ရက်ရက်စက်စက်ကိုလှသည်...။ မတွေ့ရတဲ့ကာလတွေအတွင်း အလှတွေပိုတိုးလာလိုက်တာ...။ နဖူးပြေပြေပေါ်ဝဲကျနေသည့် တွန့်ကောက်ကောက်ဆံစတွေက သူနဲ့ပိုလိုက်ဖက်နေသယောင်...။

မျက်တောင်တစ်ချက်ခတ်လိုက်တိုင်းမှာ မျက်ဝန်းညိုညိုတွေနဲ့ အကြည့်ချင်းဆုံ၏...။ မျက်ခမ်းစပ်အောက်က မှည့်နက်ကလေးအဆုံး မျက်နှာတစ်ခုလုံးမှာရှိသမျှ အစက်ကလေးတွေက သူ့အလှကို ပိုပြီးမြှင့်တင်ပေးထားသကဲ့သို့...။

နှာခေါင်းထိပ်လေးမှာ ခပ်ရေးရေးထင်နေတဲ့မှဲ့ကလေးဆီ အကြည့်ရောက်မိလျှင် သွားတွေပဲယားလာရသလိုလို...။ ကိုက်လိုက်မိရင် သူငိုလောက်သလား...။ အရင်လို လူယုတ်မာ အရိုင်းအစိုင်းကောင်ဆိုပြီး ဒေါသထွက်နေတဲ့မျက်နှာလေးကို မြင်ရမှာတော့ မလွဲမသွေပေါ့...။

အဲ့ဒီလိုလည်းမဖြစ်စေချင်...။ ကိုယ့်ကြောင့်နဲ့ထပ်ပြီးမျက်ရည်ကျတာမျိုး မမြင်ချင်တော့...။ နဂိုထဲကမှ အမြင်မကြည်လေသမျှ ကိုယ်ထိလက်ရောက်နာကျင်အောင်လုပ်တဲ့အမှုနဲ့ ထပ်ပြီးပေးလာမယ့် ဘွဲ့တွေကိုလည်းမလိုချင်တော့...။

သို့ပေမယ့် ဒီယောကျ်ားက ငိုနေတာတောင် အလှမပျက်တဲ့ယောကျ်ားမျိုး...။ မျက်တောင်လေးတစ်ချက်ခတ်တာကအစ နှုတ်ခမ်းလေးသပ်တာကအဆုံးပေါ့...။

Bad Blood (Completed)Where stories live. Discover now