Chapter 11

2.4K 181 17
                                    

(Unicode)

"ထယ် မပြန်ချင်သေးဘူး ဖိုးဖိုးရယ်... ဒီကနေ Master ဘွဲ့တော့ ယူသွားချင်သေးတာ"

"မြေးဆန္ဒကို ဖိုးဖိုးနားလည်ပေမယ့် တစ်ဖက်မှာလဲ သားဖေဖေ ကျန်းမာရေးအခြေအနေက စိတ်ချရသေးတာမဟုတ်ဘူးလေ"

ဖေဖေ့ ကျန်းမာရေးအခြေအနေက အဆိုးအရွားကြီးတော့မဟုတ်ဘူးလို့ မေမေကတော့ပြောသည်...။ အာရုံကြောကြောင့် တစ်နှစ်လောက်အနားယူဖို့ လိုအပ်သည်တဲ့...။

ရုတ်တရက်ကြီးထဖြစ်တာဆိုပေမယ့် ဒီဘက်မှာကလည်း ဘယ်လိုမှလက်လွှတ်လို့မရတဲ့ အခြေအနေ...။ သူ့ကိုအားကိုးတာမဟုတ်ပေမယ့် ကုမ္ပဏီကိစ္စတွေကို ထယ်နားမလည်သလို စိတ်လဲမပါ...။

"ဒါပေမယ့် ဖိုးဖိုးရယ် ထယ်က...."

မပြန်ချင်သေးဘူးပြောရင် မိဘအပေါ်နားလည်မှုမရှိတဲ့ သူတစ်ယောက်ဆိုပြီး ခေါင်းစဉ်လည်းအတပ်မခံချင်...။ ၆နှစ်တာကာလပတ်လုံး မလွမ်းရတဲ့နေ့ သတိမရတဲ့နေ့ဆိုတာ မရှိခဲ့ပါဘူး...။ ဖေဖေနဲ့မေမေကို ထယ် ဘယ်လောက်အထိချစ်လိုက်သလဲ...။

"သားမေမေကလဲ မင်းဖေဖေအနားမှာ ရှိပေးနေမှဖြစ်မှာ... ကုမ္ပဏီအတွက် ဂျောင်ကုရှိနေလို့မပူရပေမယ့် တကယ်တမ်းယှဉ်လာတဲ့အခါ သူကသူစိမ်းပဲ မြေး"

"အဲ့ဒါကိုပဲ ဖေဖေနဲ့ဖိုးဖိုးတို့
သူ့ကိုယုံလို့ပုံအပ်ခဲ့ကြတာပဲလေ"

"အဲ့ဒီလိုဖြစ်သွားပေမယ့် မြေးကရော ဒီလုပ်ငန်းတွေကို စိတ်ဝင်စားခဲ့လို့လား... တစ်ချိန်လုံး ကျောင်းနဲ့ jazz club ကလွဲပြီးစိတ်ဝင်စားခဲ့တာ ဘာများရှိခဲ့ဖူးလို့လဲ"

နောက်ဆုံးတော့ အရာအားလုံးက ထယ့်အပြစ်တွေကြီးပါပဲ....။ ဘယ်တုန်းကများ ထယ့်ကိုဘယ်ကိစ္စမဆို အသိပေးတိုင်ပင်ခဲ့ကြလို့လဲ....။ မေမေတစ်ယောက်ထဲကသာ ထယ့်ဘက် ရပ်တည်ပေးခဲ့တာ...။

ဖေဖေနဲ့စကားပြောဖြစ်တိုင်းမှာ တစ်ချိန်လုံးသူ့အကြောင်းတွေချည်း အများဆုံးပါသည်...။ သူဘယ်လိုအကွက်တွေမြင်တတ်တာ ဘယ်လိုလှည့်ကွက်တွေသုံးပြီး ကစားရမလဲသိတာကအစပေါ့...။

လိမ္မာပြရတာလွန်သွားလို့ အရေးမပါတော့တဲ့ပုံလို...။ နေကောင်းရဲ့လား အဆင်ပြေရဲ့လားဆိုတဲ့အမေးစကားတွေ ရောက်မလာတော့တာ သူဖေဖေ့ကုမ္ပဏီကို စဝင်တဲ့အချိန်က စတော့တာ...။

Bad Blood (Completed)Where stories live. Discover now