Chapter 43 (Final)

3.7K 170 20
                                    

(Unicode)

ချစ်ခြင်းတွေထပ်တူညီသွားတဲ့အခါမှာ နေ့ရက်တိုင်းက သာယာလှပလို့နေတော့တယ်...။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိစွာနဲ့ အိမ်‌ထောင်တစ်ခုကိုထူထောင်တဲ့အခါ ပြဿနာအသေးအဖွဲ့လေးတောင် ရှိမနေတော့ပါ...။

"Tannie ဒီကိုလာ... လိမ္မာတယ်"

ထယ်ယောင်းရဲ့ခေါ်သံကြောင့် မဲမဲလုံးလုံးခွေးသေးသေးလေးက သူ့ခြေ‌ထောက်သေးသေးလေးတွေနဲ့ အူယားဖားရားပြေးလာတော့တယ်...။ ဒီပေါက်စလေးက ထယ်ယောင်းလိုချင်တယ်ဆိုတာကြောင့် ဂျောင်ကုဝယ်ပေးထားခြင်းပင်...။

"Aigoo ချစ်ဖို့ကောင်းလိုက်တာ... ဘယ်သူ့ကလေးလေးမို့လို့လဲ"

"ဝု.. ဝု...!!!"

အသံသေးသေးလေးနဲ့ ဟောင်ပြနေတဲ့ပေါက်စလေးကို ထယ်ယောင်းကတော့ အသည်းတယားယားနဲ့ တဖွဖွနမ်းနေတယ်...။ အရင်တည်းက ခွေးလေးတွေကိုချစ်တတ်တဲ့ ထယ်ယောင်းက မေမေ့ကိုပူဆာခဲ့သော်လည်း မေမေက ထယ်ယောင်းကိုစိတ်ပူတာကြောင့် မမွေးခိုင်းခဲ့ပါ...။

ခုတော့ဂျောင်ကုက ထယ်ယောင်းပြောတာနဲ့ နောက်ရက်မကူးစေဘဲ ဒီပေါက်စလေးကို အတူတူသွားဝယ်ခဲ့ခြင်းပင်...။ လိုချင်တာရသွားတာကြောင့် ထယ်ယောင်းကတော့ အပျော်ကြီးပျော်နေတာပေါ့...။

"Tannie လက်ပေး... ဟုတ်တယ်... Aigoo လိမ္မာလိုက်တာ"

ပြောစကား‌နားထောင်တဲ့ကလေးလေးကို မုန့်ကျွေးပြီးဆုချလိုက်‌တော့ အမြီးလေးတနှံ့နှံ့နဲ့ ပျော်နေရှာတယ်လေ...။ Yeontan လို့နာမည်ပေးထားတဲ့ ဒီပေါက်စလေးကို ထယ်ယောင်းက ချစ်လွန်းတာကြောင့် အလုပ်သွားလည်းခေါ်သွားခဲ့တာကြောင့် အလုပ်ကလူတွေကပါ ဝိုင်းချစ်နေကြတယ်...။

ဒါပေမဲ့ လက်ရွေးတဲ့ Tannie က ဂျောင်ကုနဲ့ထယ်‌ယောင်းကလွဲရင် ကျန်တဲ့သူနဲ့သိပ်မလိုက်ချင်ပေ...။ သူမကျေနပ်ရင် အသံသေးသေးလေးနဲ့ ဟောင်တတ်ပေမဲ့လည်း ကိုက်တော့မကိုက်တတ်ပါ...။

"မင်းရဲ့ဒယ်ဒီပြန်လာတော့မယ်ထင်တယ်"

ထယ်ယောင်းက ဒီနေ့ Tannie ကိုကာကွယ်ဆေးထိုးစရာရှိတာကြောင့် အလုပ်မသွားပါ...။ ဆေးထိုးပြီးပြန်လာတော့လည်း အိမ်မှာပဲ Tannie နဲ့အဖော်လုပ်ပေးလိုက်တယ်...။ နာရီကိုကြည့်လိုက်‌တော့ ဂျောင်ကုပြန်လာတော့မယ့်အချိန် နီးလာပြီဖြစ်တာကြောင့် ထယ်ယောင်းလည်း Tannie ကိုချီကာ ခြံထဲထွက်လာခဲ့လိုက်တယ်...။

Bad Blood (Completed)Where stories live. Discover now