Chapter 29

2.6K 161 8
                                    

(Unicode)

"Congratulations ငါ့ကောင်ရေ... နောက်ဆုံးတော့ အလှလေးကိုအပိုင်ရသွားပြီပေါ့"

ခွက်ချင်းတိုက်ကာဂုဏ်ပြုပေးမှုကြောင့် ဂျောင်ကုလည်း သဘောတကျပြုံးရင်း ခွက်ထဲကဝီစကီတွေကို ကုန်အောင်မော့သောက်လိုက်တယ်...။ ဘာပဲပြောပြော ဂျောင်ကုဘာသာဆို ဒီလောက်ထိမြန်မြန် ထယ်ယောင်းကိုသိမ်းပိုက်န်ိုင်မှာမဟုတ်ဘူးလေ...။

"အလှလေးက လက်ထပ်ဖို့ကို လွယ်လွယ်ကူကူပဲ ခေါင်းညိတ်ခဲ့ရဲ့လား...??"

မင်ဂျွန်းရဲ့အမေးကြောင့် ဂျောင်ကုဟက်ခနဲရယ်လိုက်မိသည်...။

"ဘယ်လွယ်ပါ့မလဲကွာ... နည်းနည်းတော့အကြပ်ကိုင်ရတာပေါ့... ဘာပဲဖြစ်ဖြစ် မကြာခင်မှာသူက ငါ့ရဲ့သတို့သားလေး ဖြစ်လာတော့မှာပါ"

"သတိတော့ထားပေါ့... အလှလေးက သိပ်တော့မလွယ်ဘူး... တော်ကြာလက်ထပ်ပြီးမှ ကွာရှင်းမယ်ဘာညာဆို..."

"ကိုးလ်... မင်းပါးစပ်ကိုပိတ်ထားစမ်း...!!!"

ဂျောင်ကုအဖြစ်သည်းမှန်းသိတော့ ကိုးလ်က တမင်လိုက်စတယ်...။ ဂျောင်ကုဆိုတာလည်း ဒီကောင်တွေနဲ့ပြောမနာဆိုမနာဆိုပေမယ့် ထယ်ယောင်းနဲ့ပတ်သတ်ရင် နည်းနည်းမှအတိမ်းအစောင်းမခံပါ...။

"ငါက ထယ့်နှလုံးသားကို ငါ့အချစ်တွေနဲ့ပြောင်းလဲပစ်မှာ... ငါသိတယ်... ထယ်က ဟိုးငယ်ငယ်တည်းက ငါ့အပေါ်သံယောဇဉ်ကြီးတယ်... သူ့အမေရဲ့သွေးထိုးစကားတွေကြောင့်သာ ခုလိုဖြစ်နေရတာ"

ဂျောင်ကုပြောသမျှကို ကိုးလ်တို့က သေချာနား‌ထောင်နေကြတယ်...။ ဂျောင်ကုအနေနဲ့ ထယ့်အချစ်ကိုရရှိဖို့ ယုံကြည်ချက်ရှိပြီးသားပါ...။ ထယ်က အနည်းငယ်တော့ ကလန်ကဆန်ဆိုပေမယ့် နောက်ဆုံးကျရင် ဂျောင်ကုလက်ထဲမှာပဲ ကြွေဆင်းခဲ့ရတာပဲလေ...။

ဂျောင်ကုရဲ့အထိအတွေ့တွေ အသားယူတဲ့စကားတွေကို လွန်ဆန်နိုင်တဲ့သူမဟုတ်ပါ...။ ဒါကလည်း ဂျောင်ကုအပေါ်မှာ စိတ်ရှိနေလို့ဆိုတာ အဖြေထုတ်စရာပင်မလို...။

"မင်းတို့ဘယ်တော့လောက် လက်ထပ်ဖြစ်ကြမလဲ...??"

"ငါကတော့ အမြန်ဆုံးစီစဉ်ချင်နေပြီ... ထယ်ကလည်း ခေါင်းညိမ့်လိုက်ပြီဆိုတော့လေ... ဒီကြားထဲမှာ အလုပ်တွေကိုမြန်မြန်လက်စဖြတ်ရင်း မင်္ဂလာပွဲအတွက် စီစဉ်စရာရှိတာ စီစဉ်ရမယ်"

Bad Blood (Completed)Where stories live. Discover now