Chapter 35

2.6K 144 6
                                    

(Unicode)

မနက်စောစောနိုးနေကျဖြစ်တဲ့ဂျောင်ကုက ခုလည်းထယ်ယောင်းထက်အရင် နိုးလာပြန်တယ်...။ ဘေးကိုငဲ့ကြည့်လိုက်တော့ သူ့လက်မောင်းပေါ်ခေါင်းအုံးကာ အိပ်ပျော်နေဆဲဖြစ်တဲ့ ထယ်ယောင်းကိုတွေ့လိုက်ရတယ်...။

ဖက်စရာတစ်ခုခုမပါရင် မအိပ်တတ်သူမို့ ဂျောင်ကုကိုဖက်ထားသလို ခြေထောက်တစ်ဖက်ကပါ လှမ်းခွထားသေးတယ်...။ ကိုယ့်ထက်အကြီးဆိုပေမယ့်လည်း ထယ်ယောင်းက ငယ်ငယ်ကတည်းက ဖူးဖူးမှုတ်အလိုလိုက်ခံထားရသူမို့ ပိုပြီးကလေးဆန်ပြီး ချစ်ဖို့ကောင်းလွန်းနေတယ်...။

ဂျောင်ကုအတွက်တော့ ထယ်ယောင်းက အထိခိုက်မခံဝံ့တဲ့ ပန်းလေးတစ်ပွင့်ပါပဲ...။ ကိုယ်တိုင်ပြုစုပျိုးထောင်ပြီး ကိုယ်တိုင်ပဲခူးဆွတ်‌မွှေးကြူချင်တဲ့ ပန်းလေးတစ်ပွင့်ပေါ့...။

ချစ်ရသူလေးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်းနဲ့ ဂျောင်ကုကျေနပ်နေမိတာ ခေါင်းကိုက်တာတောင်ပျောက်လုနီးပါး...။ ပါးပြင်နုနုထွတ်ထွတ်လေးကို အသာပွတ်သပ်လိုက်တဲ့အခါမှာ သူလေးက နိုးသွားခဲ့ပြီးနောက်‌ ဂျောင်ကုကိုအိပ်ချင်မူးတူးလေး ပြန်ကြည့်လာခဲ့တယ်...။

"ဟင်... ဂျွန် နိုးနေပြီလား...?? ခေါင်းအရမ်းကိုက်နေလားဟင်"

အကြီးတစ်ယောက်အနေနဲ့ ဂရုစိုက်ချင်တဲ့စိတ်က ညကတည်းကနေ ခုထိမပျောက်သေးဘူးပဲ...။ ဂျောင်ကုလည်း ခုလိုအခြေအနေလေးကို ဆက်ထိန်းထားချင်တာကြောင့် သူနဲ့အတူတူ ချော်လဲရောထိုင်လိုက်တော့တယ်...။

"အင်း...ခေါင်းကိုက်တယ် အရမ်းပဲ"

မျက်နှာလေးရှုံ့မဲ့ကာညည်းတွားပြနေတဲ့ ဂျောင်ကုကြောင့် ထယ်ယောင်းပျာပျာသလဲဖြစ်သွားရတယ်...။ အရင်ထက်အများကြီးမူးအောင် လူမှန်းသူမှန်းမသိဖြစ်တဲ့အထိ သောက်ထားမှတော့ ခေါင်းကိုက်နေလောက်ရောပေါ့...။

"ခဏလေးနော်... Hyung အဲလေ ငါပျားရည်ဖျော်ပေးမယ်"

ခုထိ Hyung အကျင့်မပျောက်သေးတာကြောင့် ဂျောင်ကုသူမသိအောင် လှစ်ခနဲပြုံးမိသေးတယ်...။ Hyung လို့တော့မခေါ်နိုင်တော့ဘူး...။ အဲ့လိုခေါ်တာထက် အချစ်လေးလို့ခေါ်ရတာကို ဂျောင်ကုပိုကြိုက်တယ်လေ...။

Bad Blood (Completed)Where stories live. Discover now