Chapter 16

2.6K 185 39
                                    

(Unicode)

ထုရိုက်ရုန်းကန်နေတာတွေ ငြိမ်ကျသွားပြီးနောက် ကိုယ့်လက်ထဲပျော့ခွေစွာပါလာတဲ့သူကို ခါးကနေဆွဲပွေ့ကာ ဖက်ထားရင်းမှ ကိုယ့် နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းတွေကိုလဲ အခုထိအလွတ်မပေးမိ...။

နက်နက်ရှိုင်းရှိုင်းအနမ်းဆိုတာ ဒါမျိုးပေလား...။ ဂျောင်ကုမသိပေမယ့် ဒါတွေဟာ ကင်မ်ထယ်ယောင်းနဲ့ကျမှ အကုန်ပွင့်အံကျလာတာ...။ ယောကျ်ားတစ်ယောက်ဖြစ်နေသည့်အတွက် ကိုယ့်လုပ်ငန်းကိစ္စနဲ့ပတ်သတ်ပြီး skinship တွေလက်ခံရရှိဖူးပေမယ့် သူနဲ့ကျမှ အရာရာက အသစ်အဆန်းကိုထိတွေ့နေရသလို...။

ကိုယ့်လက်ထဲမှာ ကိုယ့်နှုတ်ခမ်းတွေအောက်မှာ လက်လျော့လိုက်ရတဲ့ အဲ့ဒီဒေါသအိုးလေးကြောင့် ဘာကိုကျေနပ်လို့ကျေနပ်မိမှန်းမသိ...။ တုန့်ပြန်မှုမရှိပေမယ့် ဂျောင်ကုလက်ထဲမှာ သူ့ခန္တာကိုယ်တစ်ခုလုံး ညံ့သက်လို့နေတာ...။

အသက်ရှူမဝမှာစိုး၍ အရှိန်လျှော့လိုက်တော့ သူ့လက်တွေက ဂျောင်ကုရဲ့ အင်္ကျီကော်လာစကိုယောင်ပြီးလာဆွဲကိုင်သည်...။ ထို့နောက် သူ့ခံတွင်းထဲပျော်မွေ့နေတဲ့ ကိုယ့်လျှာဖျားကိုဆွဲထုတ်ကာ နှာခေါင်းထိပ်လေးကို လျှာဖြင့်လျှက်လိုက်ရင်း နဖူးချင်းထိကပ်ထားလိုက်၏။

မောဟိုက်တုန်ရီနေတဲ့သူက တော်တော်နဲ့ ဂျောင်ကုကို ရန်စကားတွေမဟနိုင်သေး...။ မျက်ဝန်းညိုညိုတွေကိုဖိပိတ်ထားရင်းမှ ပါးစပ်ကလေးဟကာ အသက်ကိုဝဝရှူနေရတဲ့ပုံစံက နောက်တစ်ခေါက်အတွက် ဒီကောင့်ကိုစိန်ခေါ်နေသည့်အလား...။

ငိုထားတဲ့အရှိန်ရော ဒေါသကြောင့်ပါ ပါးပြင်တစ်လျောက်နီရဲကာ မျက်ရည်စတွေနဲ့လက်နေ၏။ သူ့ရှေ့မှာ ကိုယ့်အပြုအမူနဲ့ စကားလုံးတွေက ထိန်းမနိုင်သိမ်းမရဖြစ်တတ်တာ...။ ရမ်းကားတတ်တဲ့သူဆိုပြီး အဲ့ဒီနှုတ်ဖျားကနေထွက်ထွက်လာတိုင်း ဒေါသကထိန်းမရ...။

စကားလုံးတွေကြမ်းသွားနိုင်ပေမယ့် ဒီလို ဦးနှောက်ထဲ စွဲစေမယ့် မမေ့နိုင်တဲ့အမှတ်တရတွေကိုတော့ ညင်သာမှုတွေပဲ သူ့ကိုရစေချင်သည်...။ ကင်မ်ထယ်ယောင်းရဲ့ အားနည်းချက်ကိုသိပြီဆိုတော့ ပြဿနာဖြစ်တိုင်း ဒီနည်းနဲ့ဖြေရှင်းတာက အကောင်းဆုံးလို့ထင်သည်...။

Bad Blood (Completed)Where stories live. Discover now