Chapter 7

3.3K 198 54
                                    

(Unicode)
Los Angeles (LAX) International Airport

လေယာဉ်ပေါ်ကဆင်းတာနဲ့ luggage လေးအား တစ်ဖက်ကဆွဲကာ တစ်ဖက်က passport နဲ့ ဖုန်းကိုကိုင်လျှက် အဆင့်ဆင့်စစ်ဆေးပြီးနောက်မှာ လေဆိပ်ကနေ ထွက်လာလိုက်သည်...။

Seoul ကနေ L.A ကို 11နာရီကျော်လောက်စီးရပြီး အချိန်ကွာခြားချက်က ၈နာရီမို့လို့ ဒီကိုရောက်တော့ နေ့လည်ခင်း12နာရီ...။ လေဆိပ်မှာ လာကြိုသူအများအပြားတွေ့ရပေမယ့် ထယ်ကတော့ ကိုယ့်အားကိုယ်ကိုးပြီးလာချင်သည်...။ ဒါ့အပြင် ဒီကနေ ကယ်လီဖိုးနီးယားကိုရောက်ဖို့ ၃နာရီကျော်လောက် ကြာချိန်ရှိတဲ့အတွက် ဖိုးဖိုးကို တမင်လာမကြိုခိုင်းခြင်းသာဖြစ်၏...။

လေဆိပ်အပြင်ကိုရောက်တာနဲ့ ကယ်လီဖိုးနီးယားရဲ့ လတ်ဆတ်တဲ့ လေထုနွေးနွေးလေးက ထယ့်ခန္တာကိုယ်လေးကို ပထမဦးစွာ ဆီးကြိုမိတ်ဆက်သည်...။ ရာသီဥတုကွာခြားချက်ကြောင့်ထင်ပါရဲ့ ထယ့်ခန္တာကိုယ်လေး ချွေးပျံချင်သလို အိုက်စပ်စပ်ဖြစ်လာမှုကြောင့် ဝတ်ထားတဲ့ ဆွယ်တာအညိုလေးကိုချွတ်ကာ လက်တစ်ဖက်ပေါ်တင်ထားရင်းး taxi ငှားဖို့ ပထမဦးဆုံးလုပ်ရသည်...။

ထယ်သည် မြေပုံလမ်းညွှန်လေးကိုကြည့်ရင်းမှ taxi ကို ငှားရမ်းပြီးနောက် ဖိုးဖိုးရှိတဲ့နေရာသို့ အရင်သွားဖို့ ဆုံးဖြတ်လိုက်သည်...။ ဖိုးဖိုးနေတဲ့နေရာနဲ့ ထယ်အခုတက်မယ့်ကျောင်းနဲ့က သိပ်မဝေးဘူးဆိုပေမယ့် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်သည်မို့ သီးသန့်အခန်းငှားဖို့လည်း ဆုံးဖြတ်ထားသည်...။

taxi ပေါ်ရောက်တာနဲ့ ပစ္စည်းတွေကိုနေရာချကာ ကားမှန်ကိုချရင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အငွေ့အသက်ကို တဝကြီးခံစားနေမိ၏...။ ကလေးဘဝတည်းက ရင်းနှီးခဲ့တဲ့နေရာတွေဖြစ်ပေမယ့် အခုချိန်မှာတော့ ထယ့တစ်ယောက်တည်းလာရသည့် နှစ်ရှည်ခရီးတစ်ခုသာ...။

အဝေးကနေ လှမ်းမြင်နေရတဲ့ Hollywood ဆိုင်းဘုတ်ကြီးက ကယ်လီဖိုးနီးယားရဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး ထယ်တို့အခုဖြတ်သွားနေတဲ့ Golden gate တံတားက ဒီနယ်မြေရဲ့ အထင်ကရနေရာတွေထဲက တစ်ခုဖြစ်သည်...။  ပြောရလျှင်တော့ ကယ်လီဖိုးနီးယားက အနုပညာရှင်တွေစုနေတဲ့ ပြည်နယ်လို့တင်စားရင်လည်း မမှားဘူးပေါ့...။

Bad Blood (Completed)Where stories live. Discover now