(Unicode)
*Golden Star Co.Ltd ရဲ့ CEO အသစ်မိတ်ဆက်ပွဲတစ်ခု*
ဖေဖေ့ စီးပွားရေးလောကထဲက partner တစ်ယောက်ရဲ့ CEO အသစ်ခန့်အပ်ပွဲကို ဖေဖေ့အစား ထယ်ယောင်းတက်ရောက်ပေးရသည်...။
မေမေနဲ့လဲရင်းနှီးသလို Kim Group နဲ့ မကင်းရာမကင်းကြောင်း စီးပွားရေးဆန်ဆန်ကိစ္စတွေရှိတာကြောင့် မလွှဲသာလို့လာခဲ့ရခြင်းသာ...။
ဟိတ်ဟန်တွေလုပ်ပြီး ဟန်ဆောင်ပန်ဆောင် ရယ်ပြရခြင်းတွေဟာ ဘယ်လောက်စိတ်အိုက်စရာကောင်းလိုက်သလဲ...။ သိသိမသိသိ လောကွတ်ပြုနေရတာက ဒီအဖွဲ့အစည်းရဲ့ ကျင့်ဝတ်တစ်ခုလို...။
"စိတ်ရှုပ်နေရင် ကိုယ်နဲ့အတူ တစ်ခွက်လောက်သောက်မလား ထယ်ထယ်လေး!"
ထယ်ယောင်း မျက်စောင်းတစ်ချက်လှမ်းဝှေ့လိုက်၏။ သောက်နိုင်တာလဲ မဟုတ်ပါဘဲ အဖော်လာစပ်နေသည်...။ ဟိုတစ်ခေါက်က မူးပြီးအိပ်ပျော်သွားလို့ အိမ်ပြန်ပို့ပေးရတဲ့အဆင့်ထိဖြစ်ခဲ့တာ...။
"Hyung က သောက်နိုင်လို့လား!"
ပခုံးကိုဟန်ပါပါ တစ်ချက်တွန့်ပြပြီး waiter လေးဆီကနေ ရှန်ပိန်၂ခွက်ကိုဆွဲယူကာ ထယ်ယောင်းထံသို့ တစ်ခွက်ကမ်းပေးလာ၏။
"ထယ်လေးပျင်းနေမှာစိုးလို့ အတူပွဲတက်ပေးတာ... သိပ်စိတ်ရှုပ်စရာပဲ !"
Hyung ကော ထယ်ယောင်းပါ အငြိမ်သမားတွေဖြစ်တဲ့အတွက် ဒီလိုနေရာမျိုးနဲ့ သိပ်ပြီးအံဝင်ဂွင်ကျဖြစ်မနေ...။ operation ပြီးတာနဲ့ ထယ်ယောင်းအပူကပ်ပြီး တောင်းဆိုနေတာကြောင့် Hyung မှာ မအားတဲ့ကြားက အခုလိုထယ်ယောင်းအနား ပါလာခြင်းသာ...။
ချစ်သူရည်းစားဘဝရောက်သွားပေမယ့် Hyung နဲ့နေရတာက လွတ်လပ်ပြီး အချုပ်အနှောင်မရှိ...။ ထယ်ယောင်းကို အခွင့်အရေးမယူတတ်သလို အနမ်းဆိုတာတောင် ကိုယ့်ဘက်ကစမှ...။
"CEO ကိုနှုတ်ဆက်ပြီးရင် ပြန်မယ်လေ Hyung !"
"အင်း... ထယ်ထယ်လေးသဘော!"
ညနေပိုင်းကျင်းပတဲ့ပွဲ ဖြစ်တဲ့အတွက် အားလုံးကလူစုံတက်စုံ နေရာအသီးသီးမှာ အဖွဲ့ကျနေတာဖြစ်သည်...။ ရှန်ပိန်ခွက်ကို လှုပ်ရမ်းကာ မော့သောက်မည့်အခိုက် မျက်လုံးထဲတိုးဝင်လာတဲ့ ပုံရိပ်တစ်ခုကြောင့် မျက်ခုံးတန်းနှစ်ဖက်ကို တွန့်ကုတ်ပစ်လိုက်၏။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction