Chapter 20

2.7K 168 48
                                    

(Unicode)

အခုရက်ပိုင်းတွေ ထယ်ယောင်း ဆိုင်ကနေပြန်ရောက်တိုင်း ခြံထဲထိုးရပ်ထားတဲ့ ကားကိုတစ်စီးမဟုတ်တစ်စီး တွေ့ရတတ်သည်...။ သူက ကားကိုထည်လဲပြောင်းစီးတတ်တာ သိထားပေမယ့် ဒီရက်ပိုင်းတွေ သူ့ condo ကိုမပြန်ဘဲ အိမ်မှာကပ်နေတာတော့ ထူးထူးဆန်းဆန်းပင်...။

ထယ်ယောင်းပြန်ရောက်တဲ့ ရက်ပိုင်းတွေ သူအိမ်မှာမြဲနေတတ်ပြီး အလုပ်ကိစ္စများလျှင်တော့ company နဲ့နီးတဲ့ သူ့ condo မှာပဲပြန်အိပ်တတ်ကြောင်း ဒရိုင်ဘာဦးလေးကြီး ပြောပြထားလို့ သိထားပြီးသားဖြစ်သည်...။

Hyung နဲ့ကိစ္စကိုသူသိပြီးနောက် ကြီးကြီးမားမား ပြဿနာလိုက်ရှာလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် အဲ့နေ့ပြီးထဲက သူနဲ့ထယ်ယောင်း မျက်နှာချင်းမဆိုင်ဖြစ်တော့တာ...။

သူအိမ်ပြန်ရောက်နေပေမယ့် အခန်းထဲက သိပ်မထွက်...။ တစ်ခါတရံ ထယ်ယောင်းအိပ်မပျော်တဲ့အချိန် balcony ဘက် လမ်းလျောက်တိုင်း ခြံထဲမှာ သူ့ခွေးကြီးနဲ့ စီးကရက်ထိုင်သောက်နေတာကိုလဲ တွေ့ရတတ်သည်...။

ဂျွန်ဂျောင်ကုက နားလည်ရခက်တဲ့အစားထဲပါသည်...။ ထယ်ယောင်းကို သူစိတ်ရှိသလိုပြုမူပြီး အခုကျတော့လဲ သူမဟုတ်တော့သည့်အတိုင်း...။ ဒါလဲကောင်းတာပါပဲ... မျက်စိရှေ့ပေါ်ပေါ်လာလျှင် လူကိုတစ်နည်းနည်းနဲ့ ဒုက္ခပေးတတ်လွန်းလို့...။

*ခွမ်း !*

*ဝုန်း !*

ရေချိုးပြီးကာစ အင်္ကျီဝတ်နေရင်းတန်းလန်းမှာတင် ကြယ်သီးတပ်နေဆဲ ထယ်ယောင်းရဲ့လက်တွေ အလိုလိုရပ်တန့်သွားရ၏။ ရှေ့အခန်းနားလောက်ကနေ ဆက်တိုက်ထွက်ပေါ်လာတဲ့ ကွဲကြေသံ ပစ္စည်း တစ်ခုနဲ့တစ်ခုပစ်တိုက်သံတွေက တိတ်ဆိတ်နေတဲ့ ညလယ်ခေါင်ကို လှုပ်နှိုးလိုက်သကဲ့သို့ပင်...။

ဒီနေ့ည Hyung နဲ့ dinner date ဖြစ်ကြပြီး ၉နာရီကျော်မှ ထယ်ယောင်း အိမ်ပြန်ဖြစ်ခဲ့တာ...။ ပုံမှန်ရက်တွေမှာလဲ အိမ်ပြန်နောက်ကျတတ်ပေမယ့် ထယ်ယောင်းနဲ့ Hyung ကိစ္စကို မေမေကသိထားနှင့်ပြီးသားမို့ ဆူပူတာမျိုးတော့မရှိ...။

ဖိုးဖိုးကိုပါအသိပေးထားတာကြောင့် လွတ်လပ်စွာ သွားလာနေခဲ့တာ...။ Iris ကတော့သိပ်သဘောမတူချင်ဘူးတဲ့...။ သူ့အမြင်မှာ ထယ်ယောင်းနဲ့ အလိုက်ဖက်ဆုံးက ဟိုတစ်ယောက်တဲ့လေ...။

Bad Blood (Completed)Where stories live. Discover now