(Unicode)
ဂျောင်ကုဆေးရုံကဆင်းလာပြီး သိပ်မကြာခင်မှာပဲ ပက်ဆောင်းဟွန်းလည်း တရားမဝင်လုပ်ငန်းတွေကြောင့် ထောင်ကျသွားခဲ့တယ်...။ ၆နှစ်ဆိုတာက သိပ်တော့မများပေမယ့်လည်း သူလိုလူအတွက်တော့ သင်ခန်းစာကောင်းကောင်းရဖို့ မျှော်လင့်ရတာပါပဲ...။
အခုတော့လည်း ထယ်ယောင်းရဲ့သဘောအတိုင်း ဖိုးဖိုးရှိတဲ့ ကယ်လီဖိုးနီးယားကို နှစ်ယောက်အတူတူသွားဖြစ်ကြတယ်...။ အချစ်တွေကို ဖွင့်ဟဝန်ခံပြီးနေပြီမို့ ထိုခရီးစဉ်လေးဟာ သူတို့အတွက်တော့ ဟန်းနီးမွန်းထပ်ထွက်ရသလိုပါပဲ...။
လေယာဉ်ပေါ်ကဆင်းလာပြီးတာနဲ့ လက်ချင်းတွဲကာလျှောက်လာတဲ့ သူတို့နှစ်ယောက်ကို ဖြတ်သွားဖြတ်လာတိုင်းက လည်ပြန်ငေးကြည့်ကြရတယ်...။ တစ်ယောက်ချင်းစီမှာ အရှိန်အဝါတစ်မျိုးရှိနေကြပြီး နှစ်ယောက်တွဲလိုက်တဲ့အခါမှာတော့ လိုက်ဖက်လွန်းတဲ့စုံတွဲရယ်လို့ လူတိုင်းက သတ်မှတ်ချင်စရာကောင်းတယ်လေ...။
"ဂျွန် ဟိုရောက်လို့ ဖိုးဖိုးမေးတဲ့အခါကျရင် ထယ်ရဲ့အိမ်မှာပဲ အတူလိုက်နေမယ်လို့ပြောနော်"
ထယ်ယောင်းက အစတည်းက အိမ်သပ်သပ်ခွဲနေခဲ့သူမို့ အခုလည်းလွတ်လပ်တဲ့အရသာကို ခံစားချင်နေပုံပါပဲ...။ တစ်ခါတလေမှလာလည်တာကြောင့် ဖိုးဖိုးကလည်း သူ့အိမ်မှာပဲနေစေချင်မှာ အမှန်ပင်...။
"ထယ်က ဖိုးဖိုးနဲ့နေရတာမကြိုက်လို့လား...??"
"အဲ့လိုတော့မဟုတ်ပေမဲ့ ဖိုးဖိုးနဲ့နေရင်က မနက်စောစောထရတယ်လေ... ပြီးတော့ဖိုးဖိုးက နည်းနည်းစည်းကမ်းကြီးတော့ ငယ်ငယ်ကတော့နေရတာအဆင်ပြေပေမယ့်လည်း... အင်း... ဂျွန်နားလည်တယ်မလား..."
"ဟုတ်ပါပြီ ကိုယ်သဘောပေါက်ပါတယ်"
ဂျောင်ကုက ရယ်မောရင်းနဲ့ ထယ်ယောင်းရဲ့ခေါင်းလုံးလုံးလေးကို ဆွဲဖွလိုက်ပြန်တယ်...။ ထယ်ယောင်းက သူ့ထက်အကြီးဆိုပေမယ့်လည်း သူ့မျက်စိထဲမှာတော့ ကလေးပေါက်စလေးလိုပင်...။
ချစ်တဲ့အကြောင်းတွေဝန်ခံပြီးတဲ့နောက်မှာ ထယ်ယောင်းက ပိုပြီးချွဲတတ်လာတယ်...။ လိုချင်တာတစ်ခုခုရှိရင်လည်း မျက်လုံးဝိုင်းလေးတွေနဲ့ တောင်းဆိုတတ်လာတယ်...။ တစ်ခါတလေကျရင်တော့ သူကအကြီးပီပီ ဂျောင်ကုကိုဂရုစိုက်ပေးတတ်ပြန်ရော...။ ပြောရရင် သူတို့အိမ်ထောင်ရေးက အရင်ကထက် အများကြီးသာယာလာတယ်...။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction