(Unicode)
ကားလေးထိုးရပ်သွားတာနဲ့ ဂျောင်ကုကိုနှုတ်ဆက်ကာ ဆင်းဖို့ပြင်နေတဲ့ထယ်ယောင်းကို လက်လှမ်းဆွဲကာတားလိုက်တော့ စူးစမ်းတဲ့မျက်လုံးလှလှလေးတွေနဲ့ ပြန်ကြည့်လာခဲ့တယ်...။
"နေ့လည်စာစားဖို့ ကိုယ်လာခေါ်မှာနော်"
"ဟုတ်ပါပြီ ဂျွန်ရဲ့"
သူ့ကုမ္မဏီနဲ့ ထယ့်အလုပ်က အရမ်းမနီးသည့်တိုင် အမြဲတမ်းနေ့လည်စာအတူစားဖို့ လာခေါ်တတ်တဲ့ဂျောင်ကုကို ထယ်ယောင်းငြင်းမနေတော့ပါ...။ သူတောင် လာနိုင်သေးတာပဲကို...။
"အထဲဝင်တော့မယ်လေ... လက်လွှတ်ဦး"
အခုထိလက်ကိုမလွှတ်ပေးသေးတဲ့ ဂျောင်ကုကို ထယ်ယောင်းထပ်သတိပေးလိုက်တော့မှ လူကိုပိုနီးကပ်အောင် ဆွဲယူလိုက်ပြန်တာကြောင့် မျက်လုံးပြူးသွားရတယ်...။
"အားဆေးလေးပေးဦးမှပေါ့ အချစ်ရဲ့"
ဂျွန်ဂျောင်ကုဟာလေ လူကိုရရင်ရသလို အသားယူနေတော့တာပဲ...။ နည်းနည်းလေးလိုက်လျောပေးလိုက်တာနဲ့ လူကိုနေရခက်အောင်သိပ်လုပ်တာ...။ အိပ်ယာပေါ်ကကိစ္စတွေကိုလည်း အရင်ကထက်ပိုပြီး ရက်ဆက်တိုက်ဆိုသလို တောင်းဆိုတတ်လာပြီ...။ တကယ့်ကို နှာဘူးအကြီးစား...။
"ဂျွန်ကကွာ... အမြဲအသားယူနေတော့တာပဲ"
"ကိုယ့်ယောင်္ကျားကိုယ်အသားယူတာ ဘာဖြစ်လို့လဲ"
သူနဲ့က ယှဉ်ပြောရင်မနိုင်မှာမို့ ထယ်ယောင်းလည်း မြန်မြန်ပြီးရင်ပြီးရောသဘောထားကာ သူ့ပါးတစ်ဖက်ကို လှမ်းနမ်းလိုက်တော့တယ်...။ ဒါပေမယ့် နောက်တစ်ဖက်ကိုပါ ထိုးပေးလာတာကြောင့် မျက်စောင်းအသာထိုးကာ နမ်းလိုက်ရပြန်တယ်...။
"တော်ပြီ အလုပ်နောက်ကျ... အွတ်...!!!"
နှုတ်ခမ်းတွေကိုပါ အပိုင်သိမ်းနေပြန်တဲ့ဂျောင်ကုကို ထယ်ယောင်းအသာတွန်းထုတ်နေပေမယ့် ကျွမ်းကျင်လှတဲ့အနမ်းတွေကြောင့် မသိစိတ်ကနေ သဘောကျလာကာ သူ့လက်မောင်းကိုဆုပ်ကိုင်ထားရင်းနဲ့ ပြန်တုန့်ပြန်နေမိတယ်...။ အသက်ရှူမဝဖြစ်လာမှ သူ့ရင်ဘက်ကိုအသာတွန်းကာ အနမ်းတွေကိုရပ်တန့်လိုက်ရတော့တယ်...။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction