(Unicode)
ပိုးသတ်ဆေးတွေမွှန်နေတဲ့အခန်းထဲ ကုတင်ထက် လှဲလျောင်းနေတဲ့ ထယ်လေးရဲ့ပုံစံလေးက ဖြူဖြူဖျော့ဖျော့ရယ်...။ ဒီရက်တွေထဲ စိတ်ဖိစီးမှုတွေ ရှိခဲ့ပုံရသည်...။
ပစ်ထားမိခဲ့တယ်ဆိုတဲ့စကားလုံးထက် မျက်နှာချင်းမဆိုင်ရဲလောက်အောင် အားနာသလို မုန်းသွားမှာကို မလိုလားဘူးလို့ပဲပြောရမလား...။
ယွန်းဂီရဲ့ဘဝတစ်လျောက်လုံး သိက္ခာရှိစွာ ကိုယ်ကျင့်တရားပြည့်အောင်နေခဲ့ပေမယ့် တစ်ခါလေးမှားမိတဲ့အမှားအတွက် ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလို အရှက်လဲရမိသည်...။
တစ်ဖက်က ကာယကံရှင်ဖြစ်တဲ့ ဂျီလေးကိုလဲ အားနာမိသလို ထယ်လေးကို ဂရုစိုက်ပြီး ချစ်ပေးပါ့မယ်လို့ ကတိတွေပေးခဲ့မိပြီးမှ ကိုယ့်မှာမတည်နိုင်ခဲ့...။
ကလေးတွေလောက်တောင်မှ ကိုယ်က အသုံးမကျခဲ့တာ...။ မပွင့်လင်း မပြတ်သားခဲ့သမျှမှာ အခုတော့ ပြဿနာတွေအကုန်ရှုပ်ထွေးလျှက် ဘယ်ကနေအစဆွဲထုတ်ပြီး ရှင်းပြရမှန်းတောင်မသိတော့...။
ကိုယ်မှားခဲ့တဲ့အမှားအတွက် တောင်းပန်တဲ့ စကားတစ်လုံးနဲ့တောင် မလုံလောက်...။ ထယ်လေးအပေါ်ကိုမပွင့်လင်းခဲ့သလို ဂျီလေးကိုလဲ သူပစ်ပစ်ခါခါ ပြောဆိုမိခဲ့သည်...။
"ကိုကို့အမှားအတွက် ကျွန်တော်ကပဲ ကိုကို့အစား တောင်းပန်ပါတယ် ဂျောင်ကု hyung !"
ထယ်လေး ဆေးရုံကိုရောက်လာတော့ အရင်ဆုံး သတင်းလှမ်းပေးတာက ဂျီလေး...။ ကိုယ့်ဂျူတီရှိနေလို့ တစ်နာရီလောက် နောက်ကျပြီးမှ ထယ်လေးဆီ အပြေးလာခဲ့တော့ ဟိုကောင်လေးရဲ့ ခပ်စူးစူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသေးသည်...။
"လူတစ်ယောက်လုံး ဒီလောက်ထိဖြစ်သွားတာတောင် တောင်းပန်စကားတစ်ခွန်းထဲနဲ့ ငါကကျေနပ်ပေးရမလား ပတ်ဂျီမင်း ! ဟမ် ! "
"ကျွန်တော် တကယ်တောင်းပန်ပါတယ် !"
တိတ်ဆိတ်နေရာမှ ရုတ်တရက် ထအော်လိုက်တဲ့အသံကြောင့် ယွန်းဂီ မျက်မှောင်တွေကျုံ့မိလျှက်သား...။ သူ့မှာ အခုထိ ထယ်လေး အနားကပ်လို့မရသလို အကပ်လဲမခံအောင် အဲ့ကောင်လေးက ယွန်းဂီတို့ကို ခါးခါးသီးသီးဖြစ်နေသည်...။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction