Chapter 9

2.4K 171 29
                                    

(Unicode)

ညက ဘားမှာဆေးအရှိန်နဲ့ တစ်ညလုံးကောင်းနေပြီး မနက်မိုးလင်းမှ ဂျောင်ကုတို့ပြန်ဖြစ်ခဲ့ကြသည်...။ နေ့လည်ပိုင်းမှာတော့ boxing class ကိုကိုးလ်တို့နဲ့အတူ join ဖြစ်သည်...။

ဂျောင်ကုတို့အဖွဲ့ ဝင်လာတာနဲ့ အားလုံးရဲ့အကြည့်တွေသည် ဟိုကောင်သုံးကောင်ထက် ဂျောင်ကုဆီမှာပဲ ဝေ့နေ၏...။ သာမန်သဘောကျလို့ ကြည့်တဲ့အကြည့်ထက် မနှစ်မြို့သည့်အကြည့်တွေ ရောယှက်လို့နေပြီး ကိုယ့်ကိုမြင်တာနဲ့ အချင်းချင်းမျက်စပစ်တဲ့သူကပစ်...။

လက်တို့လျှက် ခပ်တိုးတိုးပြောသူတချို့ရယ် နှာခေါင်းရှုံ့လျှက် နှုတ်ခမ်းတွေမဲ့ကာ အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်လာတဲ့အကြည့်တွေမှာ အတွင်းထဲအောင်းနေသည့် ဒေါသတို့က တရိပ်ရိပ်ထွက်လို့လာ၏...။

*ရုပ်ကလေးနဲ့မှမလိုက် မျက်နှာပြောင်တိုက်တဲ့ကောင်*

*အောက်တန်းကျတာကွာ*

*အခြောက်တိုက် ဘဝင်ရူးနေတဲ့ကောင်ပါကွာ*

လွယ်အိတ်ကို အသံမြည်အောင် ပစ်ချလိုက်တဲ့အခိုက် အသံတွေအားလုံးရှဲသွားကာ ကိုယ့်ကိုကြည့်လာတဲ့ အကြည့်တွေက မထိတထိ ခပ်ရိရိ...။

"ဟေ့ကောင်တွေ ! မင်းတို့ဘာဖြစ်ချင်တာလဲ... ငါ့ကိုပွင့်ပွင့်လင်းလင်းပြော... ခိုးကြောင်ခိုးဝှက်နဲ့ ယောကျ်ားတွေမဟုတ်ဘူးလား "

ဒေါသသံနဲ့ ပြောလာတဲ့ ကိုယ့်စကားအဆုံးမှာ ကိုးလ်တို့ပါ ဂျောင်ကုအနားပြေးလာ၏...။

"ဘာဖြစ်ရမှာလဲ မင်းလိုအရှက်မရှိတဲ့ကောင်နဲ့ တစ်နေရာထဲအတူမနေနိုင်လို့... ဖြစ်နိုင်ရင် အရိပ်တောင် အတူမခိုချင်ဘူးကွာ "

"ငါတို့ကယောကျ်ားမှန်လို့ ပွင့်ပွင့်လင်းလင်းပဲ... မင်းသာ ကိုယ်လုပ်ထားတာကိုယ်မသိပဲ မျက်နှာပြောင်တိုက်တဲ့ကောင်"

"သိက္ခာမရှိတဲ့ကောင်... သူ့ကြောင့်နဲ့ငါတို့ class ပါနာမည်ပျက်တယ်"

"ဘာ စောက်စကားပြောလိုက်တယ် !!"

စကားတွေက တစ်ခွန်းပြီးတစ်ခွန်း တစ်ယောက်တစ်ပေါက်ပြောရင်း ကိုယ့်သိက္ခာကိုပါ ထိပါးလာ၏...။ ကိုယ်ဘာမှမလုပ်ရဘဲ သပ်သပ်လာစော်ကားနေတာလောက် ဒေါသထွက်တာမရှိ...။

Bad Blood (Completed)Where stories live. Discover now