Chapter 8

2.5K 182 40
                                    

(Unicode)

"ကျေးဇူးပါ Dr. Min Yoongi"

သူ့နာမည်ကို ကိုယ့်နိုင်ငံဘာသာစကားဖြင့် ခေါ်လိုက်လျှင် မျက်ဝန်းတွေမှာ အံ့သြရိပ်တွေဖုံးလွှမ်းသွားလျှက်...။ သို့သော် ခဏသာဖြစ်သည်...။ ကိုယ့်စကားကို အသိအမှတ်ပြုကြောင်း ခေါင်းငြိမ့်ပြပြီးတာနဲ့ ကလေးတွေကို ကျန်းမာရေးစစ်ဆေးဖို့ တစ်ဖက်သို့ကျောခိုင်းသွား၏...။

"အသိလား Victory"

Iris က ထယ့်လက်ကလေးကို ခပ်ဖွဖွလှုပ်ရမ်းရင်းမေးလာမှုမှာ Ravi ကလည်း သိချင်စိတ်ကြောင့် မျက်လုံးတွေပါ အရောင်လက်လာလျှင် ထယ်ခေါင်းကိုသာ အသာရမ်းပြရင်း ကလေးတွေရှိတဲ့ဘက်သို့ ဦးတည်သွားလိုက်၏...။

"သွားတွေ ပုံမှန်တိုက်ရမယ်နော် Nothan"

Yes..Doctor ဟုဆိုကာ ကောင်လေးက သူ့သွားဝါဝါလေးတွေပေါ်တဲ့အထိ ခေါင်းငြိမ့်ပြုံးပြလာလျှင် သူက ထိုကလေးခေါင်းကို ခပ်ဖွဖွလေးပုတ်လျှက် အပြုံးဟုမဆိုသာသော အပြုံးဖြင့်တုန့်ပြန်လို့လာ၏...။

အိုး... ဒီလူဟာ ကလေးတွေနဲ့တော့မစိမ်းကားပဲ ကိုယ့်ကျမှပဲ...။ တကယ်ဆိုနှုတ်ဆက် ပြုံးပြတာလောက်တော့ ရှိရမှာပေါ့...။

"Anna... သမီး လက်သည်းခြေသည်းဆိုတာ သက်ရှိတွေလိုပဲ ရှည်လာတာနဲ့ ပုံမှန်ညှပ်ပေးရတယ်သမီးရဲ့... ကြည့်... ဒီကြားသေးသေးလေးတွေထဲ Bacteria ဘယ်နှစ်ကောင်လောက် မျိုးပွားပြီးပြီလို့သမီးထင်လဲ"

Anna ဆိုသည့်ကလေးမလေးက သူ့အမေးမှာ ဘေးခွဲကျစ်ထားတဲ့ ကျစ်စံမြီးလေး လှုပ်ရမ်းသွားတဲ့အထိ ခေါင်းခါပြလို့လာ၏...။

"မသိဘူးဟုတ်... မသိဘဲနဲ့ ဒီလက်နဲ့ပဲ မုန့်စားလိုက် ထမင်းစားလိုက်လုပ်တော့ Micky လို ရောဂါဝင်လာနိုင်တာပေါ့... လက်ဆိုတာ နေရာအနှံ့ကိုင်တွယ်နေရတာလေ... တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် ရောဂါပေါင်းစုံက နေရာအနှံ့ကနေကို ဝင်လာတတ်တာသမီးရဲ့"

သူက ဆရာဝန်တစ်ယောက် ပီသစွာဖြင့် လေယူလေသိမ်းကအစ တစ်ဖက်သူ နာခံတတ်အောင် ပြောနိုင်တဲ့အရည်ချင်းရှိပုံပါပဲ...။ သူ့စကားသံတွေနောက်မှာ နူးညံ့သိမ်မွေ့မှုအငွေ့အသက်တွေ ဖုံးလွှမ်းလို့နေသည်။

Bad Blood (Completed)Where stories live. Discover now