(Unicode)
အချိန်တွေကုန်တာမြန်လွန်းလှတယ်...။ ဂျောင်ကုနဲ့ထယ်ယောင်းရဲ့ လက်ထပ်ပွဲနေ့လေးကိုတောင် ရောက်လာခဲ့လေပြီ...။ ဂျောင်ကုအတွက်တော့ စောင့်စားခဲ့ရတဲ့အချိန်တွေက ကြာလွန်းတယ်လို့ ထင်မှတ်နေမိတယ်...။
"ထယ်ယောင်း Hyung က လှလိုက်တာ"
ကိုယ့်ကိုငေးကြည့်ရင်းပြောလာတဲ့ ပက်ခ်ဂျီမင်းကြောင့် ထယ်ယောင်းအတန်ငယ်ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားရတယ်...။ သူ့အစ်ကိုဖြစ်တဲ့ ပက်ခ်ဆောင်ဟွန်းနဲ့က ရန်ဘက်တွေဖြစ်ကြပေမယ့်လည်း ဂျောင်ကုက ဂျီမင်းနဲ့တော့ အဆင်ပြေပြေရှိပါတယ်...။
ဂျီမင်းနဲ့ယွန်းဂီကလည်း တစ်အိမ်တည်းအတူနေကြပြီဆိုတာ သူတို့အားလုံးသိနှင့်နေပြီးသားပါ...။ အစပိုင်းမှာတော့ သားအငယ်ဆုံးလေး အိမ်ကနေထွက်သွားမှာကို ဂျီမင်းရဲ့မိဘတွေက သဘောမတူကြပေမယ့် ခေါင်းမာတဲ့ဂျီမင်းကြောင့် ခွင့်ပြုလိုက်ရခြင်းပင်...။ ခုတော့လည်း ဂျီမင်းရဲ့မိဘတွေက ယွန်းဂီနဲ့ တော်တော်လေးအဆင်ပြေနေကြပါပြီ...။
"ဒါနဲ့ ချယ်ယောင်းရော အဆင်ပြေရဲ့လားဟင်...??"
ထယ်ယောင်းက ဂျောင်ကုကိုအရမ်းချစ်တဲ့ကောင်မလေးကို သတိတရနဲ့မေးလိုက်သေးတယ်...။ တစ်ခါတလေကျ ဂျောင်ကုနဲ့လက်ထပ်ရတာကို ချယ်ယောင်းအပေါ်အပြစ်ပြုမိတယ်လို့ ခံစားရစေတယ်...။ ဘယ်လိုပဲဂျောင်ကုဘက်က ညီမလေးလိုပဲသဘောထားတယ်လို့ ပြောပါစေပေါ့...။
"မမက ဟိုမှာအဆင်ပြေနေပါပြီ... လက်ထပ်ပွဲကိုလာချင်ပေမယ့် ရိုက်ကူးရေးတွေဆက်တိုက်ရှိနေလို့တဲ့လေ"
"အင်းပါ... သူအဆင်ပြေရင်ပဲ ရပါပြီ"
မျက်နှာလေးသိပ်မကောင်းတဲ့ထယ်ယောင်းကြောင့် သူ့စိတ်ခံစားချက်ကို ဂျီမင်းရိပ်မိသလိုပင်...။ ဂျီမင်းက လူသာငယ်တာ လူကဲခတ်ကတော့ ကျွမ်းကျင်တဲ့သူလေ...။
"မမအပေါ်အပြစ်ရှိသလို မခံစားပါနဲ့ Hyung ရယ်... ဂျောင်ကု Hyung က အစတည်းက ညီမလေးတစ်ယောက်လိုပဲ သဘောထားတာကို သိသိရက်နဲ့ မမဘက်ကရှေ့တိုးခဲ့တာလေ... တချိန်ကျရင် ပြန်ချစ်လာလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ပေါ့... ဒါပေမယ့် ဂျောင်ကု Hyung ရဲ့ရင်ထဲမှာက ထယ်ယောင်း Hyung တစ်ယောက်ပဲရှိတာလေ... အဲ့ဒါကြောင့် Hyung မှာဘာအပြစ်မှမရှိပါဘူး"
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction