Chapter 38

2.2K 139 13
                                    

(Unicode)

ဒီရက်ပိုင်း ယွန်းဂီအလုပ်များနေတာကြောင့် ဂျီမင်းမှာ ဆေးရုံကိုသူ့ဘာသာတစ်ယောက်တည်း သွားနေရတယ်...။ ကြားရသလောက်ကတော့ သူတို့ဆေးရုံအုပ်က တခြားနိုင်ငံကိုထွက်သွားတော့မှာမို့ ဒုဆေးရုံအုပ်ဖြစ်တဲ့ ယွန်းဂီက ဆေးရုံအုပ်နေရာကို ရတော့မှာတဲ့လေ...။

အရင်ကထက် အလုပ်ပိုများနေတဲ့ယွန်းဂီကို ဂျီမင်းက နားလည်စွာနဲ့ပင်သိပ်အပူမကပ်ခဲ့ပါ...။ ဂျီမင်းရဲ့အရင်အကျင့်စရိုက်က အစွဲအလမ်းမထားတတ်ဘဲ တစ်ခုခုကိုခဏလေးနဲ့ ရိုးအီသွားတတ်တယ်ဆိုပေမယ့် ထိုအထဲမှာ ယွန်းဂီမပါခဲ့ပါ...။

ဂျီမင်းက ပေါ့ပေါ့တန်တန်နေတတ်တဲ့သူ ဖြစ်နေပေမယ့်လည်း ရည်းစားတွေမှိုလိုပေါက်အောင် ထားခဲ့သူဖြစ်ပေမယ့်လည်း ယွန်းဂီအပေါ်မှာတော့ အများကြီးလေးနက်တယ်...။ ဂျီမင်းရဲ့အဖေကလည်း ပြောင်းလဲသွားတဲ့သူ့ရဲ့သားငယ်ကြောင့် ယွန်းဂီကို ကျေးဇူးတင်နေတော့တာပဲ...။

ယွန်းဂီအကြောင်းတွေးလိုက်တာနဲ့ ဂျီမင်းရဲ့မျက်နှာလေးက ပြုံးနေတော့တာပဲ...။ အတွေးတွေကိုဖြတ်ပြီး နာရီကိုကြည့်လိုက်တော့ အလုပ်ချိန်တောင်နီးနေလေပြီ...။ ဒီနေ့လည်း နောက်ကျပြန်ဦးမယ်ထင်ပါရဲ့...။

ဘယ်လောက်ပဲအလုပ်နောက်ကျနေပါစေ ဂျီမင်းက လမ်းတဝက်မှာကားရပ်ပြီး ယွန်းဂီကြိုက်တဲ့ကော်ဖီကို ဆင်းဝယ်လိုက်သေးတယ်...။ ခုတလော ယွန်းဂီက ညကိုနောက်ကျမှပြန်လာပြီး မနက်လည်းအစောကြီးအလုပ်ထသွားတာကြောင့် မနက်စာကိုကောင်းကောင်းစားဖြစ်မှာမဟုတ်ဘူး...။

"Iced Americano နှစ်ခွက်နဲ့ ချိစ်ကိတ်တစ်ခုပေးပါ"

"ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါနော်"

ယွန်းဂီက Iced Americano ကို စွဲစွဲမြဲမြဲသောက်တတ်သူမို့ ဂျီမင်းလည်း သူနဲ့တူအောင်လိုက်သောက်ရင်း စွဲသွားခဲ့တယ်...။ ယွန်းဂီက သူ့အကြိုက်လိုက်ရမယ်လို့ မတောင်းဆိုပေမယ့် ဂျီမင်းဘက်က သူ့ရဲ့ပုံစံအတိုင်းလိုက်နေဖြစ်တယ်...။

"မှာထားတဲ့အော်ဒါ ရပါပြီရှင့်"

"ဟုတ်ကဲ့ ကျေးဇူးပါ"

Bad Blood (Completed)Where stories live. Discover now