Chapter 14

2.7K 183 42
                                    

(Unicode)

အိပ်ယာကနိုးနိုးချင်း ထထိုင်ဖို့ပြင်လိုက်လျှင် ခန္တာကိုယ်တစ်ခုလုံး သိမ်းကျုံးပွေ့ဖက်ခံထားရမှုကြောင့် လူကလှုပ်လို့ပင်မရ...။ မျက်လုံးတို့အား လှည့်ပတ်ကစားကြည့်မိလျှင် အနေအထားကွဲလွဲနေမှုမှာ လူက ခေါင်းနပန်းကြီးသွားရသည်...။

မျက်စိရှေ့မှာမြင်နေရတဲ့ ကျယ်ပြန့်သော ရင်အုပ်တစ်စုံ...။ ထို့နောက်ထယ်ယောင်းရဲ့ ခါးတစ်ဝိုက်သိမ်းဖက်ထားတဲ့ သန်မာတဲ့လက်တွေ...။ ရှပ်အဖြူကို ကြယ်သီး၂လုံးဆင့်ဖြုတ်ထားသည့်အတွက် အကြောတွေထောင်နေသည့် လည်တိုင်ကထင်းနေ၏...။ အသက်ရှူလိုက်တိုင်းမှာ လှုပ်ခတ်သွားတဲ့ထိုနေရာဆီအကြည့်ရောက်မိလျှင် လူကတစ်စုံတစ်ရာဆီ ဆွဲညှို့ခံလိုက်ရသလို...။

သိမ်းကြုံးဖက်တွယ်ထားတဲ့လက်တစ်စုံကို ဖယ်ထုတ်ဖို့ကြိုးစားမိပေမယ့် ထယ်ယောင်းတစ်ချက်လှုပ်သွားတိုင်းမှာ သူကပိုတိုးဖက်လာတော့တာ...။ အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ရောက်အောင်ထိ ခေါက်တင်ထားသောကြောင့် လက်တစ်လျှောက်မှာ အပြည့်နေရာယူထားသည့် တက်တူးတို့က ဖြူသောအသားအရည်မှာထင်းနေသည်...။

*Hyung က ဘယ်တုန်းက တက်တူးထိုးတတ်သွားတာလဲ*

သိက္ခာကိုတန်ဖိုးထားတတ်တဲ့ Hyung လိုလူမျိုးက ဒီလိုဗရုတ်သုက္ခတွေကို ကိုယ်ပေါ်တင်တတ်သွားတာ ထူးထူးဆန်းဆန်း...။ မနေ့ညကလဲ ထယ့်ကို အတင်း အသားယူပြီး ရှက်ဖို့ကောင်းအောင် Hyung ရှေ့ မူးပြီးငိုမိတာကို သတိရသွားလျှင် မျက်နှာကို ဘယ်နားသွားထားရမှန်းမသိတော့...။

အဲ့လောက်သောက်နိုင်တာမျိုး မဟုတ်ပေမယ့် မနေ့ညကတော့ သတ်မှတ်ထားတာထက် limit များခဲ့သည်...။ မှတ်မှတ်ရရ ကယ်လီဖိုးနီးယားမှာတုန်းက Hyung နဲ့တစ်ခါနမ်းပြီးထဲက ရှေ့မဆက်ဖြစ်ခဲ့ကြတာ...။ အဲ့ဒီတုန်းကမူးပြီး ထယ့်ဘက်ကနေ စခဲ့တာဆိုပေမယ့် ဒီတစ်ခေါက်ကတော့ Hyung ဘက်ကစတင်ခဲ့တဲ့ နက်နက်ရှိင်းရှိုင်းအနမ်းတွေ...။

ထယ့်နှုတ်ခမ်းလေးတွေ အခုထိထုံကြင်ပြီးနာနေတာက မနေ့ညကဖြစ်ခဲ့တဲ့သက်သေပေါ့...။ လွမ်းနေခဲ့ရတာ...။ မျက်နှာကိုအပေါ်စီးကနေ ငေးမော့ကြည့်မိလျှင် နှုတ်ခမ်းကိုလက်ဖဝါးနဲ့ အုပ်ကိုင်လျှက် အသံ
မထွက်မိအောင် ပိတ်ထားလိုက်ရသည်...။

Bad Blood (Completed)Where stories live. Discover now