(Unicode)
ခေါင်းတွေအဆမတန် ထိုးကိုက်လာမှုကြောင့် အိပ်ယာကနိုးလာ၏။ ခန္တာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလို နာကျင်နေမှုကြောင့် မနေ့ညက ကိုယ့်အဖြစ်ကိုပြန်မြင်ယောင်မိလျှင် အောက်နှုတ်ခမ်းကို ခပ်ပါးပါးကလေး ကိုက်လိုက်မိတော့၏။
ဂျီမင်းရဲ့ ခန္တာကိုယ်တစ်ခုလုံး စောင်တွေနဲ့လုံးထွေးရစ်ပတ်နေသည်...။ မနေ့ညက ကိုယ့်ကိုလွှမ်းမိုးခဲ့တဲ့ အဲ့ဘဲရဲ့ပုံစံက စောက်ရမ်းအထာကျပြီး sexy ဆန်တာ...။ တစ်ချိန်လုံး အသာစီးရမှကျေနပ်တဲ့ ကိုယ့်လိုလူကို လွှမ်းမိုးလိုက်တဲ့အကြည့်တစ်ချက်နဲ့တင် အရာရာကို အရှုံးပေးမိလိုက်တဲ့အထိ...။
ကုထင်ထက်ကမထရသေးတာကြောင့် ဘေးတစ်စောင်းအိပ်လျှက် အနေအထားနဲ့တင် ဘေးဘက်ကိုလက်တွေစမ်းမိတော့ ဗလာကျင်းသောခံစားချက်နဲ့အတူ အိပ်ယာထက်က နိုးထလာမိလျှင် တွေ့လိုက်ရတဲ့အရာကြောင့် ကိုယ့်မှာပါးစပ်အဟောင်းသားဖြင့်...။
ခုံပေါ်မှာတင်ထားတဲ့ cheque လက်မှတ်တစ်စောင်ကို ဆွဲယူကြည့်မိလျှင် သုညအရေအတွက်တွေက တစ် ၊ နှစ် ၊ သုံး ၊ လေး...။ ပြီးတော့ ဆယ်လုံးမြောက်အက္ခရာအရောက် ဂျီမင်းရဲ့ နှုတ်ခမ်းလေးတွေ ခပ်ဟဟဖြစ်ကျန်ခဲ့ရသည်...။
*တောက် !! ဒီလူက ငါ့သိက္ခာကို ဒီလက်မှတ်တစ်စောင်နဲ့ တန်ကြေးဖြတ်လိုက်တာပေါ့လေ *
ကိုယ်လုပ်ခဲ့ဖူးတဲ့အထာတွေနဲ့ ကိုယ့်ကိုပြန်ကြောသွားတာလောက် ဒေါသထွက်တာမရှိ...။ မိန်းမတွေနဲ့ အိပ်ပြီးတိုင်း ဇယားရှုပ်မှာဆိုးလို့ ကိုယ်သုံးခဲ့တဲ့အကွက်တွေနဲ့ ကိုယ့်သိက္ခာက သူ့အတွက် နည်းနည်းလေးမှတောင် တန်မနေဘူးပေါ့လေ...။
မူးပြီးမှားတာကသူဆိုပေမယ့် ကိုယ်ကလဲသူ့ကို ရေရာတဲ့အကြောင်းပြချက်မရှိ လက်ခံပေးလိုက်မိတာကို ဒီလို စော်ကားခံလိုက်ရတာ ဘယ်လောက်ခံပြင်းလိုက်သလဲ...။ အနည်းဆုံး တောင်းပန်တဲ့ စကားတစ်ခွန်းတော့ ချန်ခဲ့သင့်သည်...။
ဂျီမင်းနေရာမှာ သူ့ရဲ့ ဗစ်ထိုရီဆိုလား အဲ့တစ်ယောက်သာဖြစ်လျှင် သူဒီလို ထားခဲ့နိုင်မလား။ ဝေးသေး၏။ အဲ့တစ်ယောက်အထင်နဲ့ ကိုယ့်ကို ညကတစ်ညလုံး ကိုင်တွယ်သွားတဲ့ပုံက နူးညံ့ညင်သာမှုအပြည့်ဖြင့် ခံစားချက်တွေ ဟိုးအမြင့်ဆုံးထိရောက်အောင် ဆွဲခေါ်သွားလိုက်နိုင်တာ...။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction